ကြားကြားသမျှ ကားလောက


ခရစ်နှစ်၂ဝ၁၄နှစ်ကုန်ပိုင်းကာလမှာ မြန်မာ နိုင်ငံကားဈေးကွက်အတွက် မူဝါဒအလှည့်အပြောင်းများ ခဲ့တဲ့ ကာလလို့ဆိုရမှာဖြစ်ပါတယ်။ အများသူငါ မျှော်လင့် ထားသလိုဖြစ်မလာတဲ့တည်ငြိမ်မှုမရှိခဲ့တဲ့ မူဝါဒသစ်
တွေ ကြောင့် ကားလောကဟာထင်သလောက် အရောင်းအ ဝယ်မဖြစ်ခဲ့ဘဲ အများစုက စောင့်ကြည့်နေ ဆဲကာလပဲဖြစ် ခဲ့ပါတယ်။ အထူးသဖြင့် ယခုလို အလှည့်အပြောင်းများ နေချိန်မှာ ရောင်းမှားဝယ်မှားမဖြစ် ကြဖို့ ကားလောကရဲ့ နောက်ဆုံးအခြေအနေများကို လက်လှမ်းမီသလောက် စုစည်းဖော်ပြသွားပါ့မယ်။

(၁) ရန်ကုန်လိုင်စင်ကားပါကင်ထောက်ခံချက်

ရန်ကုန်လိုင်စင်နဲ့ အသစ်သွင်းမယ့်ကားဆို ရင် ကိုယ်ပိုင်ကားပါကင်ရှိကြောင်း ထောက်ခံချက်လိုအပ် ပါတယ်။ သို့ပေမယ့် ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထုတ်ပြန်ချက်အရ ၂ဝ၁၄ ခုနှစ်ဒီဇင်ဘာ ၂၄ရက်အထိ ထုတ်ယူထားတဲ့ စလစ်နဲ့ ပါမစ်လျှောက်ခဲ့မယ်ဆိုရင်ကားပါကင်ထောက် ခံချက် မလိုအပ်တော့ကြောင်း သိရပါတယ်။

ကညနအခွန်ရာခိုင်နှုန်းလျှော့ပေါ့ပေးမှုလည်း လာမယ့်မတ်လအထိ အကျုံးဝင်ဆဲဖြစ်ပါတယ်။လာမယ့်၂ဝ၁၅ စလစ်နဲ့ဆိုခဲ့လျှင်တော့ ကားပါကင် ထောက်ခံချက် လိုအပ်မှာဖြစ်သလို အခွန်ကိုလည်းလျှော့ပေါ့ခံစား ခွင့် ရရှိတော့မှာမဟုတ်ပါဘူး။ စလစ်အမျိုးအစားများကတော့ ရာခိုင်နှုန်း ၂ဝကညနအခွန် လျှော့ပေါ့သက်သာ မယ်။ စက်မှုဇုန်အပ်ကားများ အနှစ် ၂ဝကျော်သက်တမ်းရှိ အပ် ကားများ၊ ကညနအခွန် ရာခိုင်နှုန်း ၆ဝလျှော့ပေါ့ပေးမယ်။ 'ဗ'မှ '၂က'အထိအပ် ကားများ၊ လေလံကားများပဲဖြစ်ကြ ပါတယ်။

(၂) အထွေထွေကားသတင်းများ

၂ဝ၁၅ကားပါမစ်အသစ်များ လက်ရှိ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ရက်ကစတင်ပြီး ၂ဝ၁၅ခုနှစ်အတွက် မော်တော် ယာဉ်တင်သွင်းခွင့်ပါမစ်များစတင်လျှောက် ထားနေကြပါပြီ။

လက်ရှိ ၂ဝ၁၅ခုနှစ်မှာ လျှောက်ထားတဲ့ပါမစ် အသစ်အတွက် invoice မှာတော့ ယခင်အတိုင်း အင်ဂျင် စစ်ဆေးခြင်း၊ မော်တော်ယာဉ်အခြေအနေ၊ Break အခြေ အနေ၊ ကားအတွင်းခန်းအခြေအနေ၊ ဘက်ထရီ+ တာယာ အသစ်။ အစိုးရအသိအမှတ်ပြုစစ်ဆေးရေးကုမ္ပဏီ ရဲ့ စစ်ဆေးချက်လက်မှတ်များ ပါဝင်ရမှာဖြစ် ပါတယ်။

လက်ရှိကားစလစ်ပေါက်ဈေးများကတော့ ရာခိုင်နှုန်း ၂ဝကညန အခွန်လျော့စက်မှုဇုန်ဂျစ်၊ သက် တမ်း ၂ဝရှိ ယာဉ်များ စလစ်ဈေးကျပ်သိန်း ၅ဝ ဝန်းကျင် ဖြစ်ပြီး ကညနအခွန်နှုန်း ရာခိုင်နှုန်း၆ဝလျှော့ပေါ့ခွင့်ရ '၁က/ ၂က'စလစ်ဈေးအမည်ပေါက်ကျပ်သိန်း ၇ဝ ဝန်း ကျင်ဖြစ်ပါတယ်။ ယနေ့ကညနရောက်ရှိနံပါတ်မှ ၆. ၄၁ဝဝ ကျော်ဖြစ်ပါတယ်။

လက်ရှိ၂ဝ၁၅ခုနှစ်ထဲရောက်ပြီဖြစ် ပေမယ့် ကားနဲ့ပတ်သက်တဲ့မူဝါဒတွေဟာ တည်ငြိမ်မှုမရှိ သေးဘဲအား လုံးက စောင့်ကြည့်နေဆဲပဲဖြစ်ပါကြောင်း...။

ကိုဇော် | TheFlowerNews‬

မှတ်ချက်များ