ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး
အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်က စစ်တပ်မှာ သူ့ဘာသာသူ နေတာပဲ။ တည်ငြိမ်အေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာလည်း မလိုဘူး။ သူ့နေရာသူ
နေမှာပဲ။ မတည်ငြိမ်မအေးချမ်းလာရင် စစ်တပ်က အာဏာသိမ်းရမှာပဲ။ အဲဒါ ကျွန်တော်တို့
တည်ငြိမ်အေးချမ်းမှုအတွက် လုပ်ရမယ်။
ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဆူဆူပူပူမဖြစ်ဘူး။
ဆူဆူပူပူဖြစ်လာရင် အာဏာပြန်သိမ်းမယ်။
ဒေါ်အောင်ဆန်းစုကြည်
ကျွန်မတို့ဟာ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ
ကျွန်မတို့ ရန်ဘက်အနေနဲ့ ကျွန်မတို့ မသတ်မှတ်ဘူး။
ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ
အပြစ်ပေးချင်တယ်၊ ကလဲ့စားချေချင်တယ်ဆိုတဲ့
စိတ်ဓာတ်မျိုးနဲ့ ဆက်ပြီးတော့ ကျွန်မတို့ မသွားဘူး။
ကျွန်မတို့ နိုင်ငံ ကောင်းကျိုးအတွက်
အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတစ်ခု
ဖြစ်အောင်လို့ ကြိုးစားသွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ပဲ
ဆက်ပြီး လုပ်ဆောင်သွားမှာပါ။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်
‘‘အရင်အစိုးရမှာလည်း ငါပါတယ်။
ဒီအစိုးရမှာလည်း ငါပါတယ်။
ဘာမှ ထော်လော်ကန့်လန့် မလုပ်နဲ့။
ပါးရိုက်ခံရမယ်။ မကျေနပ်ရင် တောခို။
ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး။
ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး
နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မပူနဲ့စိတ်ချပါ။
ကျွန်တော်က သိက္ခာနဲ့နေတာပါ။
ဘယ်တော့မှ ဘယ်ပါတီမှ
ညစ်ပေးစရာ အကြောင်းမရှိပါဘူး။
ကျွန်တော် လူညစ်ကြီး
ဘက်လိုက်တယ်ဆိုပြီး
သမိုင်းအတွင်မခံပါဘူး။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း
တိုက်လေယာဉ်ဝယ်ထားပါတယ်ဆိုမှ
စစ်တိုက်ဖို့ ၀ယ်မှာပေါ့။ စစ်တိုက်စရာမရှိရင်
လူတင်လေယာဉ်တွေပဲဝယ်ပြီး ပိုက်ဆံရှာရမှာပေါ့။
ပြောရရင် KIA, KIO ကိစ္စ တပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ ပတ်သက်ပြီး
အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့
ဝေဖန်ချက်က လုံးဝအဓိပ္ပာယ်မရှိဘူး။
အမေရိကန်သမ္မတ အိုဘားမား
ခင်ဗျားတို့ ဒေသရဲ့ အနာဂတ်ကို စစ်အာဏာရှင်၊
ဒါမှမဟုတ် စစ်တပ်ရဲ့ အလိုအတိုင်း
ဖော်ဆောင်ရမှာမဟုတ်ဘူး။
ဒီဒေသရဲ့ အနာဂတ်ကို
စွန့်ဦးတီထွင် လမ်းပြသူတွေ၊ တီထွင်ဖန်တီးသူတွေနဲ့
အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်သူတွေက ဖန်တီးရမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ
တပ်မတော် နာမည်ပျက်ရတာဟာ
စစ်ထောက်လှမ်းရေးတွေကြောင့်ဖြစ်တယ်။ တခြားတပ်မတော်သားတွေ
တိုက်ပွဲဝင်နေချိန်မှာ စစ်ထောက်လှမ်းရေး
အဖွဲ့ဝင်တွေဟာ တပ်ကြပ်ကြီးအဆင့်ကအစ ခွေးချည်တဲ့ကြိုးလောက်ရှိတဲ့
ဆွဲကြိုးကြီးတွေဆွဲပြီး ဇိမ်ခံနေကြတယ်။
သူရဦးအောင်ကို
တရားရေးနယ်ပယ်မှာ ပါဝင်လုပ်ဆောင်နေကြတဲ့
ပုဂ္ဂိုလ် အဖွဲ့အစည်းတွေထဲမှာ တချို့က
လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲမှာ
ပျော်မွေ့နေတယ်လို့ ပြောရမလိုဖြစ်နေတယ်။
တရားရုံး အဆင့်ဆင့်ကလည်း
အထက်အောက် အပြန်အလှန်ချိတ်ဆက်ပြီး
အကာအကွယ်ပေးနေကြတယ်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း
တစ်ရက်ကို
နှစ်ထောင်ကျော်ဆိုတော့
ရပ်တည်ဖို့ လုံလောက်တာပေါ့။
ဒီထက်နည်းနည်းပိုရရင်
အဆင်ပြေပြီ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဥပဒေအရ အကောင်အထည်ဖော်တဲ့နေရာမှာ
လူကြီးတွေကလည်း တော်တော်လေးကို
တွက်ဆပြီးတော့မှ ရှေ့လူကြီး ခေါင်းဆောင်တွေ
အသီးသီးက တွက်ဆပြီးတော့မှ ဒီဥပဒေ
ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေးထားတာ
ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့လည်း
ဒီဟာကို ဆက်လက်ထိန်းသိမ်းတဲ့သဘောအနေနဲ့
လုပ်ဆောင်ခြင်းဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
အာရုံလွှဲမယ့် ကိစ္စတွေ
ရှိလာနိုင်ပါတယ်။ သတိထားပါ။
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်က
ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ
မူတည်ပါတယ်။
ဒီမိုကရေစီစစ်မှန်ဖို့
ရွေးကောက်ပွဲစနစ် စစ်မှန်မှဖြစ်ပါမယ်။
သူရဦးရွှေမန်း
သက်တမ်းကာလအတွင်းမှာမှ ဖြစ်ပေါ်နေတဲ့
လယ်ယာမြေပြဿနာကို ကျွန်တော်တို့က
မဖြေရှင်းပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့
တာဝန်မကျေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊
တာဝန်မကျေတဲ့ ပြည်ထောင်စုလွှတ်တော်၊
တာဝန်မကျေတာ ၀န်မခံနိုင်တဲ့
အစိုးရအဖွဲ့ ဖြစ်သွားလိမ့်မယ်။
7 day

မှတ်ချက်များ