‘‘ကိုယ့်ကိုယ်ကိုယ်ယုံကြည်သလို ကိုယ့်မြန်မာတွေကိုလည်း ယုံကြည်တယ်’’

နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် ထိပ်တန်းအလှမယ်ပြိုင်ပွဲကြီးဖြစ်သည့် မယ်စကြဝဠာပြိုင်ပွဲသို့ မြန်မာနိုင် ငံကိုယ်စားပြု အလှမယ်အနေဖြင့် သျှားထွဋ်အိန္ဒြာက သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မယ်စကြဝဠာပြိုင်ပွဲ သို့ နှစ်ပေါင်း ၅၀ ကျော်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်ပြီးလျှင် ဒုတိယမြောက်ဝင်ပြိုင်မည့်သူဖြစ် သည်။ ယခင်နှစ်များထက် ပွဲကျင်းပချိန် နောက်ကျခဲ့သောကြောင့် ပြင်ဆင်ချိန်ပိုမိုရရှိခဲ့သလို ထိုင်း၊ ဖိလစ်ပိုင်
နိုင်ငံများတွင် သွားရောက်လေ့ကျင့်ခဲ့သည့် သျှားထွဋ်အိန္ဒြာကို ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုများအပါအဝင် သူမ၏ ရင်ခုန်မှုများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး- အမေရိကန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာပြိုင်ပွဲအတွက် ဘယ်လောက်ရင်ခုန်နေပြီ လဲ။ ပြိုင်ပွဲအစီအစဉ်လေးတွေ ပြောပြပေးပါလား။

ဖြေ- ကိုယ်က နိုင်ငံခြားအတွေ့အကြုံအနေနဲ့ ပထမဆုံးသွားပြိုင်ရမှာဆိုတော့ ရင်ခုန်နေတယ်။ ဒါပေမဲ့ ရင် ခုန်တာကို ကာဗာတစ်ခုအနေနဲ့ မထားထားဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွား မယ်။ ညီမတို့သွားပြိုင်မယ့် ပြိုင်ပွဲကလည်း ကမ္ဘာမှာ အကြီးဆုံးအလှမယ်ပြိုင်ပွဲလို့ပြောလို့ရတယ်။ အစစအ ရာရာ အသေးစိတ်ကအစကြည့်ပြီး သေချာရွေးချယ်မှာဖြစ်လို့ ညီမအနေနဲ့ သေချာကြိုးစားမယ်။ ပြိုင်ရမယ့်
နေရာက အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့ မီယာမီကမ်းခြေ။ ဇန်နဝါရီ ၄ ရက်မှစပြီး Camp ဝင်ရမယ်။
ေ နောက်ဆုံးပြိုင်ပွဲက ဇန်နဝါရီ ၂၅ မှာ လုပ်မှာပါ။ မြန်မာနိုင်ငံကနေ ဒီဇင်ဘာ ၂၉ ရက်မှာ သွားမှာပါ။

မေး- ဒီနှစ် မယ်စကြဝဠာပြိုင်ပွဲကို အချိန်နောက်ကျပြီး ကျင်းပတာက ဘယ်လိုအကျိုးကျေးဇူးတွေရခဲ့လဲ။ လေ့ ကျင့်ချိန်ပိုရခဲ့တာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးပြည့်စုံအောင်ပြင်ဆင်နိုင်ခဲ့လား။
ဖြေ- ညီမက ပြိုင်ပွဲတုန်းကလည်း ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ မထင်ထားဘဲနဲ့ ရသွားတဲ့အတွက် ကိုယ့် မှာလည်း လိုအပ်ချက်တွေရှိတယ်။ ပရိသတ်တွေကလည်း လိုအပ်ချက်တွေရှိတယ်ဆိုပြီး အကြံပေးကြ တယ်။ ညီမကို ဘုရားကပဲ အခွင့်အရေးပေးတာလားတော့မသိဘူး။ ပွဲချိန်က တဖြည်းဖြည်းနောက်ဆုတ် သွားတာ ၂၀၁၅ ကိုတောင် ကူးသွားတယ်။ ကြားထဲမှာ လေ့ကျင့်ချိန်တွေလည်း အများကြီးရခဲ့တယ်။ ညီမရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ခဲ့တယ်။

နောက်ပြီး အဝတ်အစားတွေကအစ သေသေချာချာပြင်ဆင်နိုင်ခဲ့တယ်။ ညီမက ဒုတိယအကြိမ်ဖြစ်တော့ မမိုးစက်ဝိုင်ကလည်း အတွေ့အကြုံတွေ သေချာဝေမျှပေးတယ်။ ညီမ ပြိုင်ပွဲက ၂၀၁၄ အတွက်လည်း
  နောက်ဆုံးပြိုင်ပွဲ၊ အဲဒီအတွက် ပရိသတ်တွေလည်း ပိုပြီးအာရုံစိုက်လာမယ်လို့ထင်တယ်။ ဒီကြားထဲမှာ အလှမယ်ပြိုင်ပွဲတွေက ဆက်နေတယ်။ ညီမပြိုင်ပွဲက အားလုံးနဲ့လည်း ဝေးသွားတယ်။ နောက်ပြီး ကိုယ် တစ်ခုတည်းပဲ ကျန်ခဲ့တာဆိုတော့ ပရိသတ်တွေပိုပြီး အာရုံစိုက်မယ်လို့ ယုံကြည်ထားတယ်။

မေး- ဒီပြိုင်ပွဲက ကမ္ဘာမှာ အကြီးဆုံးအလှမယ်ပြိုင်ပွဲဆိုတော့ ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ယုံ ကြည်မှုရှိနေပြီလဲ။ ဘယ်လိုဖိအားတွေကောရှိလဲ။
ဖြေ- ဖိအားရယ်လို့တော့ ကြီးကြီးမားမားမရှိပါဘူး။ အဆင်ပြေပြေ လုပ်နိုင်ပါ့မလားဆိုတဲ့ ဖိအားလေးနည်း နည်းတော့ရှိတယ်။ ဒါပေမဲ့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ယုံကြည်ချက်ကတော့ အပြည့်အဝထည့်ထား တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှ အောင်မြင်မှာလေ။ ကိုယ်က ယုံကြည်ချက်
လျော့နေရင် ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ပိုပြီးယုံကြည်ချက်လျော့လိမ့်မယ်။ အစစအရာရာ ယုံကြည် ချက်အပြည့်နဲ့ ဖြတ်သန်းသွားမယ်လို့ စဉ်းစားထားတယ်။

မေး- ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလိုအပ်ချက်မျိုးတွေ ရှိနိုင်တယ်လို့ သုံးသပ် မိလဲ။

ဖြေ- Body Building ကို ဒီကြားထဲမှာ Training လုပ်ခဲ့တဲ့အတွက် ကြီးကြီးမားမား လိုအပ်ချက်မရှိပေမယ့် ဆက်လုပ်သွားချင်သေးတယ်။ ဒီပြိုင်ပွဲတောက်လျှောက်မှာလည်း လုပ်ရမယ့် အချိန်တွေတော့ ရှိမယ်လို့ထင် ပါတယ်။

မေး- မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အရွေးခံရပြီးတဲ့အချိန်နဲ့ အခုသွားပြီးပြိုင်ရတော့မယ့်အချိန်နဲ့ ကိုယ့်ကိုယ် ကိုယ် ဘာတွေကွာခြားမှုရှိတယ်လို့ သုံးသပ်မိလဲ။
ဖြေ- ကွာဟသွားတာကတော့ အကုန်လုံးပဲ။ Miss Universe Myanmar ကို စပြိုင်ကတည်းက ဆုရမယ်လို့ မှန်းမထားဘူး။ ရတော့ရချင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ဆုကြီးရမယ်လို့ ထင်မထားဘူး။ ဆုရပြီးပြီးချင်းမှာ ကိုယ့်ကိုယ်ကိုယ် လုံးဝအားမရဘူး။ ပရိသတ်တွေကလည်းပြောတယ်။ ပရိသတ်တွေရဲ့ အကြံဉာဏ်ကလည်း အရေးကြီးတယ်။ ကိုယ်က ဘယ်လိုပဲဖြစ်နေနေ ပရိသတ်ချစ်ဖို့က အရေးကြီးတယ်။ ပရိသတ်တွေ ပြောတဲ့နည်းလမ်းတွေအတိုင်း တစ်နည်းမဟုတ်တစ်နည်း ကြိုးစားခဲ့တယ်။

အဲဒါကြောင့် အစစအရာရာ အရမ်းကွာခြားသွားတယ်။ နေပုံထိုင်ပုံ၊ခန္ဓာကိုယ်၊မျက်နှာကအစအရာရာပြောင်း လဲ လာတယ်။ နောက်တစ်ခုကအရင်လိုမဆင်မခြင်မနေဖြစ်တော့ဘူး။ဝတ်တာစားတာကအစလမ်းလျှောက် တာအဆုံး အသေးစိတ်ကအစ ပြင်ဆင်ဖြစ်တယ်။

မေး- ပြီးခဲ့တဲ့နှစ်က သွားရောက်ယှဉ်ပြိုင်တဲ့ မိုးစက်ဝိုင်က ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုအတွေ့အကြုံတွေ မျှဝေပေးလဲ။

ဖြေ- မမိုးစက်က မျက်ကပ်မှန်မတပ်ရတာ၊ လက်သည်းနီ ဘယ်အရောင်ဆိုးရတာကအစ အချိန်တွေအတိအ ကျမရှိတာ အဲဒီလို အသေးစိတ်ကအစ ပြောပြပေးပါတယ်။ ဟိုမှာ ထရိန်နင်ဆင်းရတဲ့အချိန်တွေကအစ
  ပြောပြပေးပါတယ်။

မေး- ပြီးခဲ့တဲ့နှစ်ပြိုင်တုန်းက မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်းငါးဆယ်ကျော်အချိန်အတွင်းမှာ ပထမဆုံး ပြန် လည်ပါဝင်ယှဉ်ပြိုင်တာဆိုတော့ လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်။ ဒီနှစ်က ဒုတိယအကြိမ်လည်းဖြစ် တယ်။ ပြင်ဆင်ချိန်လည်းပိုရခဲ့တော့ ပရိသတ်တွေရဲ့မျှော်လင့်ချက်ကို ဘယ်လောက်အတိုင်းအတာအ ထိ ဖြည့်ဆည်းပေးနိုင်မယ်ထင်လဲ။
ဖြေ- ညီမ အရိုးသားဆုံးနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မယ်။ ညီမသိထားတာက ဒီပြိုင်ပွဲကို ဘယ်နိုင်ငံက ဘယ်လောက်စိတ်ဝင်စားကြလဲ။ ဘယ်လောက်ပံ့ပိုးနိုင်လဲ အဲဒါတွေကိုလည်းကြည့်တယ်။ အဲဒါတွေကို ကြည့်ပြီး ၁၆ ယောက်ထဲကို သွင်းတာ။ အများကြီးမှန်းမထားပေမယ့် ဆုတော့ရချင်တယ်။ ရနိုင်အောင် လည်းကြိုးစားမယ်။ ကြိုးစားရကျိုးနပ်မယ်လို့လည်း ယုံကြည်ထားပါတယ်။

မေး- National Costume ကလည်း ပန်ထွာဘုရင်မရဲ့ စစ်ထွက်ဝတ်စုံဆိုတော့ ဝတ်စုံနဲ့လိုက်ဖက်မှုရှိ မယ် လို့ထင်လား။ ဘုရင်မတစ်ယောက်ရဲ့ စစ်ထွက်ဝတ်စုံဝတ်ဖို့ကိုရော ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ယုံ ကြည်မှုရှိနေလဲ။

ဖြေ- ပန်ထွာဘုရင်မကြီးက အရမ်းခက်ထန်တယ်။ မျက်နှာက မာတယ်။ သူ့ရဲ့ပုံစံကိုလည်း သဘောကျ တယ်။ ညီမရဲ့ Type နဲ့လည်း လိုက်လိမ့်မယ်ထင်တယ်။ ပန်ထွာဘုရင်မရဲ့ ဝတ်စုံဝတ်တဲ့အချိန်မှာလည်း သူ့ Mood က အလိုလိုဝင်လာတယ်။ လုံးဝကို မရယ်ချင်တော့ဘူး။ ဖစ်တင်သွားလို့ဝတ်ရင်တောင် မျက်နှာက လုံးဝကိုမရယ်ချင်တော့ဘူး။ စင်ပေါ်ရောက်ရင်လည်း အဲဒီပုံစံအတိုင်း ဖြစ်မယ်ထင်တယ်။ ဘုရင်မကြီးက လည်း ကိုယ့်မြန်မာလူမျိုးသွားပြိုင်မှာဆိုတော့ ညီမကို တစ်ဖက်ဘက်က စောင့်ရှောက်လိမ့်မယ်လို့ထင် တယ်။ အဲဒီလိုပဲ ယုံကြည်ထားပြီး ဘုရား၊ တရားပဲ အာရုံစိုက်ထားတယ်။

မေး- ပန်ထွာဘုရင်မကြီးရဲ့ဝတ်စုံက ရတနာအစစ်တွေနဲ့ ဖန်တီးထားတယ်။ တန်ဖိုးကလည်း ဒေါ်လာတစ်
သောင်းကျော်လောက်တန်တာဆိုတော့ ဝတ်ဖို့အတွက် တာဝန်ကြီးတယ်လို့ ခံစားရလား။ ဒီဝတ်စုံနဲ့အတူ ဘယ်လိုအဆင်တန်ဆာတွေပါဦးမှာလဲ။


ဖြေ- အဲဒီလိုတာဝန်ကြီးတစ်ခုအနေနဲ့မဟုတ်ဘဲ ကိုယ့်နိုင်ငံအတွက် ကိုယ်သွားပြိုင်ရတာလို့ပဲ စိတ်ထား တယ်။ ဒီဝတ်စုံကလည်း ကိုယ့်နိုင်ငံဝတ်စုံဆိုတော့ ကြီးကြီးမားမားမခံစားရပါဘူး။ အပြင်အဆင်အနေနဲ့ ကတော့ ပန်ထွာဘုရင်မကြီးက အမြဲတမ်း ဆံပင်ကိုဖားလျားချတယ်။ နောက်ပြီး လေးနဲ့မြားပါမယ်။ ဖိနပ်ဆို လည်း ရိုးရိုးလေးပဲ။ အရမ်းကြီးနန်းဝတ်နန်းစားကြီးမဟုတ်ဘူး။ သူ့ရဲ့နဂိုပုံစံ ရိုးရိုးရှင်းရှင်းလေးပဲ။ အဲဒီလိုပုံစံ နဲ့ ပဲသွားပြိုင်မှာ။

မေး- ငယ်ငယ်ကတည်းက မယ်စကြဝဠာတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ အခုနိုင်ငံကိုယ်စားပြုအလှမယ်အနေ နဲ့ သွားရောက်ယှဉ်ပြိုင်ခွင့်ရပြီဆိုတော့ စိတ်ကူးယဉ်အိပ်မက်ကို ဘယ်လောက်ထိ အကောင်အထည်ဖော်
နိုင်မယ်လို့ထင်လဲ။ ဘယ်အတိုင်းအတာထိရောက်ဖို့ မျှော်လင့်ထားလဲ။


ဖြေ- ညီမက ငယ်ငယ်ကတည်းက ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာ။ အခုဆိုရင် ဖြစ်ခွင့်ရတယ်။ ဒါက ပထမဆုံးခြေလှမ်းပဲရှိသေးတယ်။ နောက်ထပ်ခြေလှမ်းတွေ လျှောက် ဖို့ရှိသေးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာအောင်တော့ အတတ်နိုင်ဆုံးကြိုးစားရမယ်။ နိုင် ငံတကာမှာလည်း သွားပြိုင်တော့မှာဆိုတော့ ညီမကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်သလို ကိုယ့်မြန်မာ
တွေကိုလည်း ယုံကြည်တယ်။ သူတို့ကတော့ ညီမကို Voting လုပ်ကြမှာပဲလေ။ အဲဒါကြောင့် သူတို့အား
ပေးရကျိုးနပ်မယ်ထင်ပါတယ်။

မေး- အွန်လိုင်းမဲအများဆုံးရရင် ဆန်ခါတင်စာရင်းမှာပါမှာဆိုတော့ Voting နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘာပြောချင်လဲ။

ဖြေ- ညီမလည်း အကောင်းဆုံးကြိုးစားမယ်။ ညီမအရည်အချင်းနဲ့ ပါသွားရင်တော့ပိုကောင်းတယ်။ ဒါပေမဲ့ ပရိသတ်တွေလည်း ညီမကို Support လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုနိုင်ငံရောက်ရင် ကြွားချင် တာ။ သူတို့လည်း သိတော့သိထားတယ်။ ညီမ ဖိလစ်ပိုင်သွားတုန်းကဆိုရင် မင်းတို့မြန်မာတွေကို ငါတို့ယုံ တယ်။ မင်းတို့က Voting အရမ်းလုပ်နိုင်ကြတယ်။ သူတို့ပွဲတိုင်းကြည့်ရင် မြန်မာတွေက Voting တွေ က
 နိုင်တယ်လေ။ အဲဒါကြောင့် ညီမကလည်း ပရိသတ်တွေကို အားပေးစေချင်တယ်။ ညီမသွားပြိုင်နေတဲ့အ ချိန်မှာလည်း အကြံပေးဝေဖန်နိုင်ပါတယ်။ ညီမ ဆန်ခါတင် ၁၆ ယောက်ထဲ ပါသွားအောင် ဝိုင်းဝန်းကူညီ ကြပါ။

ကျေးဇူးတင်ပါတယ်။

ဇွဲဉာဏ် | 7day




မှတ်ချက်များ