သြစတြေးလျနိုင်ငံ အတွင်း၌ ဖြစ်ပွားခဲ့သည့် တောမီး လောင်မှုသည် ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံ၏တောင် ပိုင်းတစ်လျှောက် ဆက်လက် ကျွမ်းလောင် နေခြင်းကြောင့် ယင်းနိုင်ငံ အတွင်းရှိ ဒေသခံ ထောင်ပေါင်း များစွာမှာ ၄င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း၊ လေတိုက်ခတ် မှုကြောင့် ဆက်လက် လောင်ကျွမ်း နေသည့်မီးကို မီးသတ်သမား များက ကြိုးစားငြှိမ်းသတ် နေရကြောင်း ဇန်နဝါရီ ၄ ရက်တွင် ဒေသတွင်း အရာရှိ များက ပြောကြားသည်။
သြစတြေးလျ နိုင်ငံ တောင်ပိုင်းနှင့် ဗစ်တိုးရီးယား ပြည်နယ် တွင်းရှိ လူနေအိမ် ၃ဝ လုံးမှာ မီးလောင်ကျွမ်း မှုကြောင့် ပျက်စီးခဲ့ ရသည်ဟု သိရသည်။
ရာသီဥတု ပူပြင်း ခြောက်သွေ့ သည့် အခြေအနေ များကလည်း တောမီး လောင်ကျွမ်းမှုကို ငြှိမ်းသတ် နေရ သည့် မီးသတ်သမားများ အတွက် အခက်အခဲကို ဖြစ်ပေါ် စေကြောင်း၊ အဆိုပါမီးကိုထိန်းချုပ်နိုင်ရန်အတွက်
ရက်ပေါင်း အတော်ကြာ အချိန်ယူ လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ တောမီးကို ငြှိမ်းသတ်နိုင်ရေး ကြိုးပမ်း နေသည့် မီးသတ်သမား များမှာ အရေအတွက် အားဖြင့် ၂ဝဝဝ ခန့်ရှိကြောင်း၊ လေယာဉ် တစ်ဒါဇင် ခန့် မှာလည်း တောမီးကို ငြှိမ်းသတ်နိုင်ရေး အတွက် မီးလောင်ကျွမ်းရာ နေရာသို့ လေယာဉ်ပေါ်မှ ရေများ
လောင်းချ ငြှိမ်းသတ်လျက် ရှိကြောင်း ဒေသတွင်း အရာရှိ များက ပြောကြားသည်။
PyiChitThar
ပင်မ
/
တောမီး လောင်ကျွမ်းမှုကြောင့် သြစတြေးလျ နိုင်ငံသား ထောင်ပေါင်းများစွာ နေအိမ်များကို စွန့်ခွာ ထွက်ပြေး

မှတ်ချက်များ