ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ အနိုင်ရကိုယ်စား လှယ်များသည် ဇန်န၀ါရီ ၆ ရက်တွင်ကျမ်းသစ္စာ ကျိန်ဆိုပြီး စတင် တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
လူထုစိတ်ဝင်စားမှု အနည်း ဆုံးနှင့် မဲပေးသူအရေအတွက် နည်းပါးခဲ့သည့် စည်ပင်ရွေး ကောက်ပွဲမှ ကိုယ် စားလှယ် လောင်း ၁၁၅ ဦးသည် ကျမ်း သစ္စာကျိန်ဆိုသည့်နေ့တွင် လုပ်ငန်းတာဝန်များ တစ်ပြိုင်နက် ထမ်း ဆောင်ရမည် ဖြစ်သည်။ အင်အားကြီးစီးပွားရေး လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ၊ အငြိမ်းစား ၀န်ထမ်းဟောင်းများ အာဏာရနိုင်ငံရေးပါတီမှ နုတ်ထွက်လာသူ အများဆုံးပါဝင်လာသည့် ကိုယ်စားလှယ် ၁၁၅ ဦးသည် ဇန်န၀ါရီ ၆ ရက်မှ ယခုအစိုးရ သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
တာဝန်ထမ်းဆောင်ရမည့် ကော်မတီခရိုင်၊ မြို့နယ်အလိုက်လစာငွေ အများဆုံးကျပ်သုံးသိန်းမှ အနည်းဆုံး တစ်သိန်းကျော်အထိ ခံ စားခွင့်ရရှိမည့် အဆိုပါ ကိုယ်စား လှယ်လောင်းများသည် ရွေး ကောက်ပွဲမတိုင်မီ
ပြည်သူ့ထံ ကတိပေးခဲ့သည်များကို လုပ်ဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်ဟု စည်ပင်ရွေး
ကောက်ပွဲ စောင့်ကြည့်လေ့လာသူ မင်္ဂလာကွန်ရက်မှ ဦးအောင်ထွန်းက ပြောသည်။
ြ ပြင်ပလုပ်ငန်းများတွင် နေ့ စဉ် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းဝန်းကျင်အထိ ၀င်ငွေရှိနေသော စီးပွားရေး လုပ်ငန်းရှင်များအနေ ဖြင့် ယခုစည်ပင်ရာထူးမှာ အများ ဆုံး လစာငွေသုံးသိန်းသာ ရရှိ မည်ဖြစ်၍ ၎င်းတို့၏ လုပ်ငန်းခွင် ထက် စည်ပင်ကို အချိန်ပေးနိုင် ခြင်း ရှိ၊ မရှိစောင့်ကြည့်လေ့လာ ရန်လိုကြောင်း ဦးအောင်ထွန်း က ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ၊ မော်တော်ယာဉ်လုပ်ငန်း ရှင်များ၊ ကျောက်စိမ်းကျောက် မျက်လုပ်ငန်းရှင် များ၊ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းရှင်များ။နည်းပညာပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချသူများ အများ ဆုံးပါဝင်လာသည့် ကိုယ်စား လှယ်များသည် စည်ပင်လုပ်ငန်း ကို ၎င်းတို့လုပ်ငန်းအပေါ် အသုံး ချသွားမည် ကိုလည်း စိုးရိမ်ရ ကြောင်း စောင့်ကြည့်လေ့လာသူ များက ပြောသည်။
‘‘တာဝန်ထမ်းဆောင်ရမယ့် ကာလက တစ်နှစ်ဖြစ်တဲ့အတွက် အချိန်တိုတယ်။ ဒါကြောင့် ကျွန်တော်တို့က
ရှေ့ကနေ လမ်းပြသွားရုံပဲ လုပ်နိုင်မယ့် သဘောပဲရှိမယ်’’ ဟု ကော်မတီဝင်လောင်းအဖြစ် တာဝန်ထမ်း
ဆောင်မည့် ဒေါက်တာအေးမင်းက ပြောသည်။
နှစ်ပေါင်း ၆၀ ကျော်မှ တစ်ကျော့ပြန် ကျင်းပသည့် စည်ပင်ရွေးကောက်ပွဲကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး ကိုယ်စားလှယ်လောင်း ၂၉၀ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဲပေးခွင့်ရှိသူလေးသိန်း
ကျော်တွင်တစ်သိန်းကျော်သာ လာရောက်မဲပေးပြီး လူထုစိတ်ဝင်စားမှု အနည်းဆုံးဖြင့် အဆုံးသတ်ခဲ့ သည့် ရွေးကောက်ပွဲ ဖြစ်သည်။
မိုးညို | 7day
ပင်မ
/
စည်ပင်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ ဇန်န၀ါရီ ၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ထမ်းဆောင်မည်

မှတ်ချက်များ