အီရတ်မြောက်ပိုင်းမှာ ISIS ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ Angelina Jolie


ကမ္ဘာကျော်မင်းသမီး Angelina Joile ဟာ ဇန်န၀ါရီလ ၂၅ရက်နေ့မှာ အီရတ်မြောက်ပိုင်း ဒုက္ခသည် စခန်း မှာရှိတဲ့ ISIS ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်ကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်များကိုလည်း အကူအညီ
တောင်းဆိုပြောကြားခဲ့ပါတယ်။ Angelina Jolie သွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်းဟာ IS ရဲ့ဘေးရန်ကို
ရှောင်ခဲ့ရတဲ့ Yazidis ပေါင်းသောင်းကျော်နဲ့ Mosul ရှိနေအိမ်များကို စွန့်ပစ်ပြေးခဲ့ရသူတွေရဲ့ ခိုကိုးရာအဖြစ် ရှိနေပါတယ်။

ယင်းဒေသမှာ ဆီးရီးယား ပြည်တွင်းစစ်နဲ့ ISIS များကြောင့် ဒုက္ခရောက်နေတဲ့ ဒုက္ခသည်ပေါင်း သန်းကျော် ရှိပါတယ်။ “ကျွန်မ ဒီကို အရင်တစ်ခေါက် ရောက်ပြီးတဲ့ အချိန်ကစပြီး လူနှစ်သန်းလောက်ဟာ သူ့တို့ရဲ့နေ အိမ်တွေကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ခြောက်လအတွင်းပေါ့။ ဆီးရီးယားမှဖြစ်နေ တဲ့ ပဋိပက္ခနဲ့ အစွန်းရောက်တွေအတွက် အပြစ်မဲ့သူ လူပေါင်းများစွာဟာ ပေးဆပ်နေကြရပါတယ်။ နိုင်ငံတ ကာ အသိုင်းအ၀ိုင်းက ယခုထက်ပိုပြီး လုပ်ဆောင်သွားရပါမယ်။ ကျွန်မတို့ဟာ ကျွန်မတို့ အိမ်မှာထိုင်နေပြီး ကျွန်မတို့ တန်ဖိုးထားတာတွေကို ကာကွယ်နေရုံနဲ့ မလုံလောက်ပါဘူး။ ရည်ရွယ်ချက် ကောင်းတွေနဲ့ ကြိုး ပမ်းအားထုတ်မှုတွေမှာ ကျွန်မတို့ဟာ ခုထက်ထိ မအောင်မြင်သေးပါဘူး။” လို့ Angelina Joile က speech ပေးခဲ့ပါတယ်။

Thiha Naing | Trend Myanmar

မှတ်ချက်များ