Apple Pay နှင့် ယှဉ်ပြိုင်ရန်အတွက် LoopPay ကို Samsung ဝယ်ယူ


Samsung သည် Apple Pay နျင့် ယှဉ်ပြိုင်ရန်အတွက် မိုဘိုင်းငွေပေးချေမှု ကုမ္ပဏီ LoopPay ကို ဝယ်ယူ ခဲ့ကြောင်း သိရသည်။ သို့ရာတွင် LoopPay ကို ဝယ်ယူခဲ့သည့် ငွေပမာဏအား ကုမ္ပဏီမှ ထုတ်ပြန်ပြော ကြားခဲ့ခြင်း မရှိပေ။

Samsung သည် မတ်လ ၁ ရက်တွင် Galaxy S6 စမတ်ဖုန်းကို မိတ်ဆက်ရာတွင် မိုဘိုင်းငွေပေးချေမှု စနစ်သစ်ကို တစ်ပါတည်း မိတ်ဆက်ပေးရန် စီစဉ်လျက်ရှိသည်။

“ကုမ္ပဏီရဲ့ ရည်မှန်းချက်က ပိုမိုလုံခြုံမှုရှိပြီး သုံးစွဲသူတွေ အလွယ်တကူ အသုံးပြုနိုင်မယ့် mobile wallet အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ ဖြစ်ပါတယ်။ အခုလို LoopPay က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ဖြစ်
မြောက်လာစေတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်” ဟု Samsung ၏ မိုဘိုင်းစီးပွားရေးလုပ်ငန်းမှ တွဲဖက် အမှုဆောင်အရာရှိချုပ် ဂျေကေရှင်းက ပြောကြားခဲ့သည်။

LoopPay ၏ နည်းပညာသည် လက်ရှိ card magnetic strip reader များကို contactless payment receiver များအဖြစ် ပြောင်းလဲပေးပြီး retailer များအတွက် လက်ရှိ point-of-sale terminal များကို
ပြောင်းလဲရန် မလိုဘဲ မိုဘိုင်းငွေပေးချေမှုကို အလွယ်တကူ လက်ခံနိုင်သည်။

Apple Pay နှင့် နှိုင်းယှဉ်လျှင် ၎င်းသည် ထုတ်ကုန်နှစ်ခုအကြား အနီးကပ် ထားရှိရပြီး အချက်အလက်
ဝေမျှပေးမည့် NFC chip နည်းပညာ ပါဝင်သော POS terminal များကို လိုအပ်သည်။ Retailer များအ
နေဖြင့် Apple Pay, Google Wallet နှင့် အခြား NFC အခြေခံ စနစ်များကို အသုံးပြုနိုင်ရန်အတွက် ၎င်းတို့ ၏ စနစ်များကို အဆင့်မြှင့်တင်ရသည်။ Apple Pay ကို သုံးစွဲရာတွင် iPhone တွင် tap တစ်ချက်နှိပ်ပြီး လက်ဗွေစနစ်ဖြင့် ဝယ်ယူမှုကို ခွင့်ပြုရသည်။

LoopPay သည် လက်ရှိ POS terminal ၉၀ ရာခိုင်နှုန်းဖြင့် အသုံးပြုနိုင်သောကြောင့် ၎င်းနည်းပညာ အ လျင်အမြန် ပျံ့နှံ့စေရန် အထောက်အကူ ပြုနိုင်ကြောင်း Samsung မှ ဆိုခဲ့သည်။ ထို့အပြင် LoopPay သည် NFC နှင့် tokenizing credit card များဖြင့် အလုပ်လုပ်နိုင်သလို Apple Pay တွင် မပါဝင်သေးသည့် loyalty card များ၊ gift card များနှင့် အခြားသော card များဖြင့်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

Internetjournal

မှတ်ချက်များ