အကြမ်းဖက်ရန်က ကာကွယ်ဖို့ ပါကစ္စတန်ကျောင်းသူတွေကို သေနတ်ပစ်နည်းသင်ပေး
ပါကစ္စတန်မှာပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ပေးရုံသာမကပဲ အခုအခါ
သေနတ်ပစ်နည်း၊ ဗုံးဖြုတ်နည်း စတဲ့ပညာရပ်တွေကိုပါ သင်ကြားပေးပြီး အကြောင်းကတော့ အကြမ်းဖက် သမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အသုံးဝင်အောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စာသင်းကျောင်း တစ်ခုကို အစွန်းရောကတာလီဘန်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်ရပ်ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း တာဝန်ရှိသူတွေက အခုလို စီစဉ်လာတာဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေသာ မက ဆရာ၊ ဆရာမတွေလည်း ဒီလက်နက်အသုံးချနည်း သင်တန်းကို တက်ရောက်နေကြပြီး ရဲတပ်ဖွဲ့က တာဝန်ယူသင်ကြားပေးတာဖြစ်ပါတယ်။ ခြောက်လုံးပြူးသေနတ် အပါ အဝင်၊ လက်နက်တွေကို ဘယ်လိုအသုံးပြုပစ်ခတ်ရမလဲဆိုတာ သင်ကြားပေးနေတာပါ။ အရေးပေါ် အခြေ အနေ ကြုံတဲ့အခါ အလေ့အကျင့်ရှိအောင်လည်း လေ့ကျင့်မှုတွေ ပြုလုပ်သင်ကြားနေကြပါတယ်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ စာသင်ကျောင်းတစ်ခုအတွင်းအစွန်းရောက်
အကြမ်းဖက်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူပေါင်း ၁၄၅ ဦးသေဆုံးခဲ့ကြရပါတယ်။ အဲဒီအထဲမှာ ၁၃၂ ဦးက ကလေးငယ်တွေဖြစ်နေခဲ့တာပါ။ ဗုံးတည်နေရာကို ဘယ်လိုရှာမလဲဆိုတာနဲ့ ဘယ်လိုဖြုတ်ရမလဲ ဆို တဲ့ နည်းလမ်းကို ရဲတပ်ဖွဲ့က သင်ကြားပေးပြီး အများစုက မိန်းကလေးတွေဖြစ်နေပါတယ်။
“ အခုသင်တန်းပေးတာကို ကျွန်မတို့ တက်ခဲ့ကြပြီးပါပြီ။ အရေးကြုံရင် အသုံးချဖို့ အစဉ်အသင့်ပါပဲ” လို့ အမျိုးသမီးကျောင်းသူတစ်ဦးက မီဒီယာတွေကို ပြောခဲ့ပါတယ်။ အရေးကြုံလာတဲ့အခါ ကိုယ့်ကိုကိုယ် ဘယ် လိုကာကွယ်ရမလဲဆိုတာနဲ့ ဒဏ်ရာရသူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတာတွေပါ သင်ကြားပေးခဲ့ပါ တယ်။
Planet

မှတ်ချက်များ