ခြေချောင်းတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိစေနိုင်တဲ့ Ballet Pumps ဖိနပ်များ
ဘဲလေးအကပညာရှင်တွေ စီးလေ့ရှိပြီး မိန်းကလေး အများစုကြားမှာ ရေပန်းစားနေတဲ့ Ballet Pumps ဖိနပ်တွေဟာ ခြေထောက်နဲ့ တစ်သားတည်းကြပြီး စီးရတာ ပေါ့ပါးတယ်လို့ ဆိုပေမယ့်လည်း ခြေချောင်း ထိပ်က ခြေသည်းတွေကို အတွင်းသို့လှည့်ပြီး ရှင်သန်လာစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ထားပါတယ်။
ဘာကြောင့်လဲဆိုတာ ထိုဖိနပ်ဟာ ခြေထောက်တစ်ခုလုံး ကို မြဲမြံစွာတည်ရှိစေနိုင်တဲ့အတွက် ခြေချောင်း ထိပ်ဆီသို့ ဖိအားပေးလိုက်သလို ဖြစ်သွားပါတယ်။ အသက်အရွယ် ဘယ်လောက်ကြီးကြီး ရှင်သန်မှု မရပ် တန့်သွားတဲ့ ခြေသည်းများဟာ ရှည်လျားလာတဲ့အခါမှာ ခြေထောက်ရဲ့ဖိအားကြောင့် အပြင်သို့ မပေါက် လာတော့ပဲ အတွင်းသို့  ပြန်လည်ပေါက်နေပါလိမ့်မယ်။
ထိုအခါမှာ ခြေချောင်း ထိပ်မှာရှိတဲ့ အရေပြားများ စုတ်ပြဲ ဒဏ်ရာရခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီနောက် ရက်သတ္တပတ်ပေါင်းများစွာ နာကျင်မှု ကို ခံစားရနိုင်ပြီး တစ်ခါတစ်ရံမှာ ခြေချောင်းတွေကို ဖြတ်တောက် ရတဲ့အထိ ဆိုးရွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ပြောဆိုထားပါတယ်။
Trend Myanmar

မှတ်ချက်များ