ဖခင်ရဲ့ ရန်သူရှာခြေရာခံ ခွေးကိုက်ခံရမှုကြောင့် လေးနှစ်အရွယ်သားငယ်လေး ခြေထောက်ဆုးံရှုးံ




ရဲအရာရှိတစ်ဦးရဲ့ လေးနှစ်အရွယ် သားငယ်ဟာ ရဲဘက်သုးံ ခြေရာခံခွေးကိုက်ခံခဲ့ရတဲ့အတွက် ခြေထောက်ဖြတ်ပစ်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ခွေးကိုက်ခံရမှုဟာ ကယ်လီဖိုးနီးယား ဟက်စပီရီးယားနယ်မှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ ဖြစ်ပွားပုံကတော့ Michael Mastalerဆိုတဲ့ Rialto ရဲဌာနက အရာရှိဟာ ၄င်း အိမ်အပေါ် ထပ် ရောက်နေချိန်အတွင်း သူ့ရဲ့ သားငယ်ဟာ အပြင်ထွက်သွားခဲ့တာပါ။

သားငယ်မှာ ဗီဒီယိုဂိမ်းကစားနေခဲ့ပြီး မိခင်ဈေးဝယ်ထွက်သွားသည်ကို သတိမပြုမိဘဲ မိခင်ကို ရှာဖွေဖို့အ တွက် အိမ်အပြင်ထွက်သွားရာမှ ခွေးကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း San Bernardino Sun သတင်းမှာ ဖော်ပြ ထားပါတယ်။

ခြေရာခံခွေးဂျန်ဂိုမှာ ခွေးအိမ်ထဲတွင် ရှိမနေဘဲ အပြင်ရောက်နေတာကြောင့် ကလေးငယ်မှာ ခွေးကိုက်ခံခဲ့ ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကြည်ပြာ | Trend Myanmar

မှတ်ချက်များ