အငြိမ်းစားဗိုလ်မှူးတစ်ဦး စစ်တောင်းတံတားပေါ်မှ ခုန်ချသေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ရန်ကုန်-မော်လ မြိုင် ကားလမ်းမကြီး စစ်တောင်းတံ တားပေါ်တွင် ပရိုဘောက်ကား(အဖြူ) တစ်စီး လူမရှိဘဲ ရပ်ထားသည်ကို တွေ့ရှိရသည့်အတွက် ဖေဖော်ဝါ ရီလ ၉ ရက် ၁း၃၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရဲစခန်းက ထိန်းသိမ်းထားကြောင်း အဆိုပါရဲစ ခန်းမှ သိရှိ ရသည်။
‘နေ့လယ် ၁၂ နာရီအကျော် လောက်က တံတားပေါ်မှာ လူမရှိဘဲ ကားရပ်ထားတယ်လို့ ခရီးသွားတွေက လာပြောလို့ သွားရောက်စစ်ဆေး ကြည့်တဲ့အခါ လူမတွေ့ရဘဲ ကားကို တွေ့ရတယ်။ တာဝန်ကျရဲစခန်းနဲ့ တပ်တို့ကို လှမ်းပြီးအကြောင်းကြားပေးလိုက်ပါတယ်’ဟု အဆိုပါတံတားတွင် တာဝန်ကျနေသည့် အစောင့် တစ်ဦးကပြောသည်။
အဆိုပါကားပိုင်ရှင်မှာ ရန်ကုန် တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ်မှ ဗိုလ်မှူးမင်းမောင်မောင်(အငြိမ်းစား) ၊ အသက် ၄၂ နှစ်ဖြစ်ပြီး နေအိမ်မှ မော်လမြိုင်ဘက်သို့ တိုက်ခန်းဝယ်ယူရန် သွားရောက် စုံစမ်းရာ ပြန် လည်ရောက်ရှိခြင်းမရှိဘဲ ပျောက် ဆုံးနေကြောင်း မိခင်ဖြစ်သူ ဒေါ်ခင် လှလှက ဖေဖော်ဝါရီ ၉ ရက် ညနေ ၇း၄၅ နာရီ အချိန် ခန့်တွင် ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်ရဲစခန်း၌ သတင်း ပို့ထားကြောင်း ရဲမှတ်တမ်းမှသိရ သည်။
‘ရွာဘက်ကိုသွားမယ့် ခရီးသွား တွေက တံတားပေါ်က လူတစ်ယောက် မြစ်ထဲသို့ ခုန်ချလိုက်တာ မြင်လိုက် တယ်ပြောလို့ လှေတွေနဲ့ သွားဆယ် မယ်ပြင်ဆင်တော့ လူကရေမြုပ် သွားပြီး ပြန်မပေါ်တော့ပါဘူး အဲ့ဒါနဲ့ တံတားပေါ်က အစောင့်ကို သွားပြီး ပြောထားလိုက်ပါတယ်’ဟု သိမ်ဇရပ် ကျေးရွာ စစ်တောင်းတံတားအနီး ရှိ ဆိပ်ကမ်းသာကူးတို့ တွင် ဈေးရောင်းနေသည့် ဦးလှမြင့်ကပြောသည်။
အဆိုပါအမှုအား ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းမှ (ပ) ၂/၂၀၁၅ လူပျောက်မှုဖြင့် လိုက်လံစုံစမ်းရှာဖွေ လျက်ရှိကြောင်း သိရသည်။
MMK | The Ladies News Journal

မှတ်ချက်များ