ဂျပန်တွေကြံကြံဖန်ဖန် တီထွင်ထားတဲ့ ပစ္စည်းများ











‘‘ ချင်ဒိုဂူ ’’ ဂျပန်ဘာသာစကားမှာ တန်ဖိုးမဖြတ်နိုင်သော အရာလို့ အဓိပ္ပါယ်ရပါတယ်။ အခုဖော်ပြမှာက ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတွေကိုယ်တိုင် ကြံကြံဖန်ဖန်တီထွင်ထားတဲ့ အသုံးအဆောင်ပစ္စည်တွေးအကြောင်း
ဖြစ်ပါတယ်။ ဒါပမေယ့် ဒီတီထွင်မှုတွေကို ကမ္ဘာတစ်လွှားမှ မတွေ့ရသေးပဲ ဂျပန်တွေကိုယ်တိုင်ကသာ ပြန် လည် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

၁။ ထောပတ်ကြိတ်စက်
ထောပတ်ကို ပေါင်မုန့်မှာ သုတ်ဖို့ ဇွန်းနဲ့ ခပ်ပြီး သုတ်ပေးစရာ မလိုတော့ပါဘူး။ ထောပတ်ကြိတ်စက်ထဲကို ထောပတ်ထည့်လိုက်ရင် ပေါင်မုန့်ပေါ်မှာ တင်ပြီး အဆင်သင့် စားလို့ ရသွားမှာ ဖြစ်ပါတယ်။

၂။ ထီးနက်(ခ်)တိုင်

မိုးရွာရင်ဆောင်းဖို့ ထီးကို လက်ထဲကိုင်သွားစရာ မလိုတော့ပါဘူး။ နက်(ခ်)တိုင်မှာ တခါတည်း ထီးပါပြီး သားပါ။

၃။ မျက်စဉ်းခပ်ကတော့


မျက်စဉ်ကို မျက်လုံးထဲ တိုက်ရိုက်ခပ်ဖို့ အတော်များများတွန့်ဆုတ်တက်ကြပါတယ်။ ဒါကတော့ မျက်စဉ်းကို ကတော့နဲ့ခံပြီး ခပ်လို့ရတဲ့ ကိရိယာပါ။

၎။ အသံတိတ် ကာရာအိုကေ
ကာရာအိုကေ ဆိုချင်ပေမယ့် ပတ်ဝန်းကျင်မှာ ဆူညံသံကြောင့် သူများတွေ အနှောက်အယှက်မဖြစ်စေနိုင် တဲ့ အသံတိတ်ကာရာအိုကေမိုက်ခရိုဖုန်း ဖြစ်ပါတယ်။

၅။ခေါင်းအုံးအသံဖမ်းစက်


ခေါင်းအုံးအသံဖမ်းစက်တီဗီ အစရှိတဲ့ ဒီဂျစ်တယ်ပလေယာတွေဆီကနေ အသံဖမ်းယူနိုင်မယ့် ခေါင်းအုံးဖြစ် ပါတယ်။ အိပ်ရင်းနဲ့ ကြည့်လို့ ပိုအဆင်ပြေသွားစေပါတယ်။

၆။ ခွက်လူသား


ခေါက်ဆွဲပြုတ်ပြီး အဖုံးဖုံးထားရင် ခေါက်ဆွဲနူးပြီလားဆိုတာကို ခဏခဏ ဖွင့်ကြည့်စရာ မလိုတော့ပါဘူး။ ပန်းကန်မှာ ဒီရုပ်လေး ကပ်ထားလိုက်တာနဲ့ ခေါက်ဆွဲ နူးတဲ့ အချိန်ဆိုရင် အရုပ်လေးက ကွာကျသွားမှာဖြစ် ပါတယ်။

၇။ လေးထောင့်ဖရဲသီး

ဖရဲသီးဆိုတာ တကမ္ဘာလုံးမှာ ရှည်ရှည်မျောမျောနဲ့ ဘဲဥအကြီးစားပုံစံတွေချည်းသား ဖြစ်ပါတယ်။ ဂျပန် လူမျိုးတွေကတော့ လေးထောင့်ဖရဲသီးကို တီထွင်ဖန်တီး စိုက်ပျိုးကြပါတယ်။

၈။ တူပန်ကာ

ခေါက်ဆွဲပူပူစားနေတုန်းမှာ အေးသွားအောင် ပါးစပ်ကမှုတ်နေရတာ အလုပ်ရှုပ်ပါတယ်။ ဒီတူကတော့ ပန်ကာပါ တစ်ခါတည်းပါလို့ စားနေတုန်း ပန်ကာလေက ခေါက်ဆွဲပူပူကို အေးသွားအောင် လုပ်ပေးနိုင် ပါတယ်။

၉။ မိုးလုံထီး
တိုင်းက မိုးမလုံပါဘူး။ လေပြင်းနဲ့အတူ ရွာတဲ့မိုးဆိုရင် ထီးက အကာအကွယ်မရပါဘူး။ ဒါပေမယ့် ဂျပန်တွေထွင်ထားတဲ့ ထီးကတော့ မိုးဘယ်လောက်ရွာရွာ တစ်ကိုယ်လုံးကို လုံခြုံစေမှာ ဖြစ်ပါတယ်။

၁၀။ စာအုပ်ခေါင်းအုံး


စာအုပ်ပုံစံ ဒီဇိုင်းနဲ့ ခေါင်းအုံးဖြစ်ပါတယ်။ စာကြည့်တိုက်ထဲမှာ အိပ်ချင်လာမယ်ဆိုရင် ဒီပစ္စည်းက သင့်ကို အထောက်အကူပြုမှာ သေချာပါတယ်။

မှတ်ချက်များ