ဗီးနပ်စ်၊ မားစ်နှင့် လတို့ကို မျက်စိဖြင့် ထင်ရှားစွာ မြင်ခဲ့ရဟု ဆို


အမေရိကန်နိုင်ငံ၊ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသူများမှာ ပြီးခဲ့သောစနေနေ့က ဗီးနပ်စ်ဂြိုဟ် ခေါ် သောကြာဂြိုဟ်၊ မားစ်ခေါ် အင်္ဂါဂြိုဟ်နှင့် လကမ္ဘာတို့အား သာမန်မျက်စိဖြင့် ထင်ရှားစွာ တွေ့မြင်ခဲ့ရကြောင်း သိရသည်။ အဆိုပါနေ့က နေ၀င်သွားပြီး နောက်တစ်နာရီအကြာတွင် အဆိုပါဂြိုဟ်သုံးလုံး နီးကပ်စွာ တည် ရှိနေပုံကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ထူးခြားသည့် ရှားပါးမြင်ကွင်းတွင် ဗီးနပ်စ်က အတောက်ပဆုံးဖြစ်နေပြီး မားစ်က အမှိန်ဖျော့ဆုံး ဖြစ်နေခဲ့သည်။ မားစ်ဂြိုဟ်မှာ ကမ္ဘာမြေမှ ၂၀၃ မိုင်သန်း ကွာဝေးပြီး ဗီးနပ်စ်က ၁၃၄ မိုင်သန်း ဝေးကွာ သည်။

မားစ်ဂြိုဟ်နှင့် ဗီးနပ်စ်ဂြိုဟ်တို့သည် နေနှင့် ဝေးကွာသော နေရာသို့ ဖြတ်သန်းသွားနေခြင်း ဖြစ်သည်။ အဆိုပါဂြိုဟ်နှစ်ခုသည် တစ်ဒီဂရီခန့် ဝေးကွာနေဖွယ်ရှိပြီး စနေနေ့က တွေ့မြင်ခဲ့ရသော မြင်ကွင်းအရ လက်မတစ်ခု၏ အကျယ်တစ်ခုခန့် ဝေးကွာနေဖွယ်ရှိသည်။ " ဒါဟာ ကျွန်တော်တို့ သာမန်မျက်စိနဲ့ မြင်နိုင် တဲ့ ထူးခြားတဲ့ မြင်ကွင်းတစ်ရပ်ပါပဲ" ဟု အရီဇိုးနားပြည်နယ်မှ ကမ္ဘာနှင့် စကြာဝဋ္ဌာဆိုင်ရာ လေ့လာရှာဖွေ မှု တက္ကသိုလ်၏ တွဲဖက်ပါမောက္ခ

ပက်ထရစ်ယန်းက ဆိုသည်။ တနင်္ဂနွေနေ့တွင် မားစ်ဂြိုဟ်၊ ဗီးနပ်စ်ဂြိုဟ် နှင့် လကမ္ဘာတို့ ကိုယ်လမ်းကိုယ် ဆက်သွားကြသော ကိစ္စမှာ ၀မ်းနည်းစရာပင် ဖြစ်သည်။

Planet

မှတ်ချက်များ