ဂျပန်နိုင်ငံမှ အချစ်ကို ဆန့်ကျင်သော အဖွဲ့အစည်း


ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျရောက်သော ချစ်သူများနေ့နှင့် အားလပ်ရက်များတွင် ချစ်သူစုံတွဲများနှင့် လင်မ ယားများ အပန်းဖြေကြချိန်တွင် ဘေးဖယ်ထုတ်ခံရသည်ဟု ခံစားရသူများ၊ ညည်းတွားကြသော တစ်ကိုယ်

တော်သမားများ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ ဂျပန်နိုင်ငံတွင်မူ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေ သူများအတွက် သက်သာရာ ရနိုင်သော အချစ်ကို မယုံကြည်သည့် အဖွဲ့အစည်းတစ်ခု ရှိနေသည်။

အဆိုပါအဖွဲ့၏ အမည်မှာ Kakumei-teki himote doumei ဖြစ်ပြီး အမျိုးသမီးများကို မဆွဲဆောင်နိုင်သော အမျိုးသားများဆိုင်ရာ တပ်ပေါင်းစုဟု ခေါ်ကြသည်။ အဆိုပါအဖွဲ့သည် နှစ်စဉ်နှစ်တိုင်း ယင်းတို့အဖွဲ့၏

မတရားဖယ်ထုတ်ခံရမှုအတွက် လမ်းမများပေါ်တွင် ဆန္ဒထုတ်ဖော်လေ့ရှိသည်။ အဆိုပါအဖွဲ့ကို Kakuhidou ဟုလည်း လူသိများပြီး ၂၀၀၆ တွင် ကက်ဆူဟီရိုဖာရူဆာဝါဆိုသူက တည်ထောင်ခဲ့ခြင်းဖြစ် သည်။

ကာရူဆာဝါသည် ရည်းစားဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် နေအိမ်သို့ စိတ်ပျက်လက်ပျက် ပြန် လာပြီး နာမည်ကြီး ကွန်မြူနစ်ကြေညာစာတမ်းကို ဖတ်ရှုခဲ့မိသည်။ ယင်းသို့ ဖတ်ရှုမိရာမှ အမျိုးသမီး များအကြား လူကြိုက်မများခြင်းသည် လူတန်းစားတစ်ရပ် အသွင်ဆောင်ပြီး မတရားခွဲခြားဆက်ဆံခံရခြင်း အဖြစ် သဘောပေါက်လာခဲ့သည်။ အဆိုပါနှစ် ခရစ္စမတ်ကာလတွင် ကာရူဆာဝါသည် ရထားဘူတာရုံ တစ်ခုတွင် လက်ကမ်းစာစောင်များဖြင့် ကမ်းကာ Kurisumasu funsai!....ခရစ္စမတ်ကာလကို ဆန့်ကျင်ကြ ဟူသော ကြွေးကြော်သံဖြင့် စတင်လှုပ်ရှားခဲ့သည်။

မကြာမီ ကာရူဆာဝါ၏ ယုံကြည်ချက်ကို လက်ခံသော လူများရှိလာပြီး အဖွဲ့အစည်းတစ်ရပ်ပုံစံဖြစ်လာကာ ထောင်ပေါင်းများစွာသော အမျိုးသားများ ပါဝင်သည့် လှုပ်ရှားမှု ဖြစ်လာသည်။ ကာရူဆာဝါဦးဆောင်သော

အဖွဲ့သည် ချစ်သူများနေ့၊ ခရစ္စမတ်နေ့၊ အဖြူရောင်နေ့( ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်တို့တွင် ချစ်သူစုံ တွဲများ အပြန်အလှန် ချောကလက်ပေးကြသော မတ်လ ၁၄ ရက်)များတွင် ကြည်နူးဖွယ်ကောင်းသော

အရင်းရှင်ဝါဒ၏ ဖိနှိပ်မှုဟူသည့် ခေါင်းစဉ်ဖြင့် ကန့်ကွက်ဆန္ဒပြလေ့ရှိသည်။ ကာရူဆာဝါတို့အဖွဲ့၏ ကြွေးကြော်သံများမှာ ဂျပန်နိုင်ငံ၏ အင်တာနက်ယဉ်ကျေးမှုနှင့် ဂန္တ၀င်မာ့စ်ဝါဒကို အခြေခံထားသည်။ ယခုနှစ်

ချစ်သူများနေ့တွင် ယင်းတို့အဖွဲ့သည် ဖိနှိပ်ချုပ်ချယ်လိုသော ချောကလက် အရင်းရှင်ဝါဒီများ ဖန်တီး လိုက်သော ဂုတ်သွေးစုပ်ချစ်သူများနေ့ဟူသော ခေါင်းစဉ်ဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယခင်ဆန္ဒပြပွဲများတွင်လည်း ကာရူဆာဝါတို့အဖွဲ့မှ ခေါင်းဆောင်များမှာ လိင်ကိစ္စဆိုသည်မှာ အသုံးမ၀င် ဟူသော ရေးထိုးထားသော စာတမ်းများကို ကိုင်ဆောင်ကာ I hope all riyajuus explode ဟုလည်း

ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။ Riyajuus ဟူသော စကားလုံးမှာ အွန်လိုင်းပေါ်တွင် မဟုတ်ဘဲ နေ့စဉ် ဘ၀တွင် စစ်မှန်သည့် ပေါင်းသင်းဆက်ဆံရေး တည်ဆောက်နိုင်သူများကို ဆိုလိုသည်။

Planet

မှတ်ချက်များ