ဆုတွေကို ပြန်လှူမယ့် ပရိသတ်အကြိုက်ဆုံးဆုရ ဖော်ကာနဲ့ အိမ့်ချစ်


မြန်မာဂီတထူးချွန်ဆု ပေးပွဲ ၂၀၁၄ တွင် ပရိသတ်အ ကြိုက်ဆုံးဆု (I Love Artist) ရရှိသူ ဖော်ကာနှင့် အိမ့်ချစ်တို့က ဆုရရှိသော ရွှေများကို ရောင်း၍ လှူဒါန်းသွားမည်ဟု ပြောသည်။

‘‘ညီမရတဲ့ ရွှေပြားနှစ်ပြားစ လုံးကို ခုနစ်ရက်သားသမီးပရိ သတ်နာမည်နဲ့ အလှူပြန်လုပ်မှာပါ။ လောလော ဆယ် ခရီးထွက်နေ လို့ပါ’’ဟု ပရိသတ်အကြိုက်ဆုံး အမျိုးသမီးအဆိုရှင်ဆုရရှိခဲ့သည့် အိမ့်ချစ်က ပြောသည်။

ထို့အတူ ပရိသတ်အကြိုက် ဆုံးအမျိုးသား အဆိုရှင်ဆုရရှိခဲ့ သော ဖော်ကာကလည်း ဆုရရှိ သည့် ရွှေပြား များကို ရောင်း၍ လှူ ဒါန်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ် ဆင့် အသိပေး ထားသည်။ ‘‘ဟောဒီမှာ အမျိုးတွေပေးတဲ့ဆု။ ရွှေနှစ်ကျပ်သားပါတယ်ဗျ။ နောက်အပတ် ထဲရောင်းပြီး တစ်ပြားမကျန်လှူကြမယ်ဗျာ။ အားတဲ့သူပါလို့ရအောင် သေချာစဉ်းစားလိုက်ဦးမယ်။ မကြာ ခင်နေရာ၊ အချိန်ပြောမယ်နော်’’ဟု ဆုရရှိသည့်ပုံနှင့်အတူ ဖော်ကာက ရေးသားထားသည်။

ပရိသတ်အကြိုက်ဆုံးအဆို ရှင်ဆုအတွက် SMS ပို့၍ မဲပေး ခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ ဆု ပေးပွဲကျင်းပ သည့် ဖေဖော်ဝါရီ ၂၀ ရက် ည ၆ နာရီအထိ သတ် မှတ်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်အထိ မဲအရေအတွက် အများဆုံးရရှိသူ စာရင်းကို ကြေညာခဲ့ရာ ဖော်ကာ နှင့် အိမ့်ချစ် က မဲအများဆုံးရရှိခဲ့ ပြီး နောက်ရက်များတွင် မဲအရေ အတွက်စာရင်းကို ကြေညာပေး ခြင်းမရှိသောကြောင့် ပရိသတ် များပို၍ စိတ်ဝင်စားခဲ့သည်။

သို့သော်လည်း နောက်ဆုံး ဆုပေးပွဲတွင် ဖော်ကာနှင့် အိမ့်ချစ် တို့သာ ဆုရရှိခဲ့သောကြောင့် ပရိ သတ် စိတ်ကျေနပ်မှုရရှိခဲ့သကဲ့သို့ အချို့ပရိသတ်များမှာလည်း ၎င်းတို့ အားပေးသည့် အနုပညာရှင်များ ဆုမရ
သောကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။

ဇွဲဥာဏ် | 7 Day

မှတ်ချက်များ