ကျောင်းသားသပိတ် ပြည်မြို့အတွင်းမှာ လှည့်လည်ဟောပြော
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြကာ မန္တလေး မြို့ကနေ ရန်ကုန်ကို ချီတက်လာတဲ့ ပင်မ သပိတ်စစ်ကြောင်း ပြည်ခရိုင်အတွင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး တက္ကသိုလ်တွေမှာ ဒီကနေ့ အင်္ဂါနေ့မှာ လှည့်လည် ဟောပြောနေပါတယ်။
သပိတ်စစ်ကြောင်း ဖေဖေါ်ဝါရီ ၉ ရက်နေ့က ပြည်မြို့အ၀င် ရွှေပေါက်ပင် ဘုန်းကြီးကျောင်းမှာ ညအိပ်ရပ်နား ခဲ့တာပါ။ သပိတ်ကျောင်းသားတွေ ပြည်ကနေ ၆ မိုင်လောက် ကွာဝေးတဲ့ နည်းပညာတက္ကသိုလ်ကို ချီတက် ခဲ့ပြီး တက္ကသိုလ် အာဏာပိုင်တွေက ကျောင်းဝင်ပေါက်ကို ပိတ်ထားခဲ့ပါတယ်။ တနာရီကျော် အချိန်မှာတော့ ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း ကျောင်းဝင်းတံခါးတွေ ဖွင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ သပိတ်
မှောက်ရတဲ့ အကြောင်းအရင်းနဲ့ ဒီမိုကရေစီ ပညာရေးနဲ့ပက်သက်တာတွေကို ဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ပြည်တက္ကသိုလ်နဲ့ ပြည် ကွန်ပျူတာ တက္ကသိုလ်တွေမှာလဲ သွားရောက်ဟောပြောခဲ့ပါတယ်။ ပြည်မြို့ခံပြည်သူလူထုနဲ့ ကျောင်းသားကျောင်းသူတွေ တောင်းဆိုမှုတွေကြောင့် ကျောင်းသားစစ်ကြောင်း မြို့တွင်းမှာ လှည့်လည် ဆန္ဒပြဟောပြောမှုတွေ ပြုလုပ်ပြီး ပြည်မြို့မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ ရန်ကုန်မြို့ မှာ ပြုလုပ်မယ့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး အတွက် သဘောတူညီထားတဲ့ အချက် ၁၁ ချက်အပေါ် ဗကသများအဖွဲ့ချုပ်ကို ကိုယ်စားပြုဆွေးနွေးမယ့် ကျောင်း သားခေါင်းဆောင်တွေနဲ့ လက်ရှိ ပင်မသပိတ် စစ်ကြောင်းမှာ ပါဝင်နေတဲ့ ကျောင်းသားတွေ မူဘောင်ချ မှတ်ဖို့ သီးသန့် ဆွေးနွေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဆရာ ကြီး သခင်ကိုယ်တော်မှိုင်း မွေးဖွားရော ဇာတိ ဖြစ်တဲ့ ရွှေတောင်မြို့ ဝါးလည်ရွာကို ဆက်လက်ချီတက်ပြီး အဲဒီ နေရာမှာ ညအိပ် ရပ်နားသွားမယ်လို့ ဗကသများ အဖွဲ့ချု ဗကသများ အဖွဲ့ချုပ်က ကိုမင်းသွေးသစ် ကဒီဗီဘီကိုပြောပါ တယ်။
DVB


မှတ်ချက်များ