ဘာသာရေးခွဲခြားမှု အထူးစိုးရိမ်ရသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရန် အမေရိကန် အပါအ၀င် အခြားနိုင်ငံများနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်


မြန်မာနိုင်ငံအား ဘာသာရေးခွဲခြားဆက်ဆံမှုအ ထူးစိုးရိမ်ရသောနိုင်ငံများစာရင်း မှ ပယ်ဖျက်နိုင်ရန်အမေရိ ကန်အ ပါအ၀င် အခြားနိုင်ငံများနှင့် ဘာ သာရေးလွတ်လပ်ခွင့်ရှိမှုအပါအ ၀င် လူ့အခွင့်အရေးဆွေးနွေးပွဲများ ဆောင်ရွက်ကာ ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးတင်ဦးလွင် ကဆိုသည်။

‘‘လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေးပွဲတွေ ဆောင်ရွက် ခြင်းကလည်း မြန်မာနိုင်ငံရဲ့ဘာ သာရေးဆိုင်ရာ လွတ်လပ်ခွင့်ပက တိအခြေအနေများကို အမေရိ ကန်အစိုးရနဲ့ ကွန်ကရက်တို့အား အသိပေးနိုင်မှာဖြစ်ပါ တယ်’’ဟု ဦး တင်ဦးလွင်ကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၆)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးခင် မောင်ရီက အခြေခံဥပဒေပါဘာ သာရေးလွတ်လပ်ခွင့်အပြည့်အ၀ ရှိသည့် မြန်မာနိုင်ငံကို ဘာသာ ရေးခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စ ရပ်တွင် အထူးစိုးရိမ်ရသောနိုင်ငံ များစာရင်းမှ ပယ်ဖျက်နိုင်ရန်ပြည် ထောင်စုအစိုးရအနေဖြင့် မည် သို့ ဆောင်ရွက်သွားမည်ကို သိရှိလို ခြင်းမေးခွန်းနှင့်ပတ်သက်၍ နိုင်ငံ ခြားရေး ဒုဝန်ကြီးက ဖြေကြားခဲ့ ခြင်းဖြစ်သည်။

ထိုသို့ အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းမှ ပယ်ဖျက်နိုင်ရန် အမေရိကန်နိုင်ငံကွန်ကရက်နှင့် အစိုးရတို့၏ သဘောထားအပေါ် မူတည်နေသည်ဟုဦးတင်ဦးလွင် ကဆိုသည်။

မြန်မာနိုင်ငံတွင် ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စများ ရှိလာပါက သာသနာရေးဝန်ကြီး ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့က ဦးဆောင်ဖြေရှင်းပေးလျက် ရှိပြီး ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်း ထားကာ တွေ့ဆုံညှိနှိုင်းလျက်ရှိ ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံအစိုးရ သတ်မှတ်ချက်များသာမကလွတ် လပ်စွာကိုးကွယ်ခွင့်နှင့်အတူ မ ကျေနပ်မှုများ ရှိလာပါက မြန်မာ နိုင်ငံလူ့အခွင့်အရေးကော်မရှင် ထံသို့ တိုင်ကြားနိုင်ပြီး ဖြေရှင်းပေး လျက်ရှိကြောင်းဦး  တင်ဦးလွင်ကဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အထူးစိုးရိမ်ရသော နိုင်ငံအဖြစ် သတ်မှတ်ခံရ ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အပါအ၀င် အထူးစိုးရိမ်ရသော နိုင်ငံများအဖြစ် တရုတ်၊ အိရစ်ထ ရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ဆော်ဒီအာရေးဗီးယား၊ ဆူဒန် နှင့် ဥဇဘက်ကစ္စတန်တို့ကိုသတ်မှတ်ထားကြောင်း သိရသည်။

ရဲနိုင် | 7day

မှတ်ချက်များ