ဗယ်လင်တိုင်းနှင့် ချောကလက်


ဖေဖော်ဝါရီလ ၁၄ ရက် Valentine Day (ခေါ်)ချစ်သူများနေ့မှာချစ်သူစုံတွဲတွေဟာမိမိရဲ့ချစ်မြတ်နိုးမှုကိုဖော်
ညွန်း တဲ့အနေနဲ့ ချောကလက်ဝယ်ပြီး လက်ဆောင် ပေးလေ့ရှိကြရာ ကမ္ဘာနှင့်အဝှမ်းရှိ ချစ်သူစုံတွဲ တွေက ချောကလက် ဝယ်ဖို့အတွက် နှစ်စဉ် ဒေါ် လာ သန်းတစ်ထောင်ကျော်လောက် သုံးစွဲနေ ကြပါတယ်။

Valentine Day မှာ ချစ်သူကိုသာ မက မိမိအလေးအမြတ်ထားရတဲ့ မိခင်၊ ဖခင်၊ ဆရာ၊ ဆရာမ၊ အရင်းနှီး ဆုံးသူငယ်ချင်းများကိုလည်း လက်ဆောင် ပေးလို့ရပါတယ်။ ဗယ်လင်တိုင်းနေ့နဲ့ချောကလက်ဆက် နွှယ်မှု ကိုတော့ အရွယ်ရောက်သူတိုင်း သိနေကြပေမယ့် ဘာကြောင့် ချစ်သူများနေ့မှာ ချောကလက်ကိုမှ လက်
ဆောင် ပေးရတယ်ဆိုတာကိုတော့ သိသူ နည်းပါးကြပါတယ်။

ချောကလက်နှင့်သမိုင်းကြောင်း...


လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝဝဝ ကျော်ကတည်းက အမေ ဇုန်တောမှာ ကိုကိုးပင်များသဘာဝအတိုင်းပေါက်ရောက် ခဲ့ကြပြီး အဲဒီခေတ်တွေမှာတော့ ကိုကိုးပင်ရဲ့ အသီးကို အ ချဉ်ဖောက်၊ နေပူလှန်းပြီး အစေ့ကိုကြိတ်လို့ရ လာတဲ့ ကို ကိုးမှုန့်ကို ဖျော်ရည်အဖြစ် သောက်သုံးခဲ့ခြင်းဖြစ်ပါတယ်။ အက်ဇတက်ဘာသာစကားအရ ခ့သခသူအေန ကို ခါးသော ကိုကိုးသီးအရည်လို့ခေါ်ဆိုခဲ့ကြပြီး မာယာနဲ့ အက်ဇတက် လူမျိုးတို့ရဲ့ယုံ ကြည်မှုအရ ကိုကိုးမှုန့်အရည်ဟာ မြင့်မြတ် ပြီး ဘုရားသခင်နဲ့ဆက်နွှယ်နေတာမို့ ချောကလက်နတ် ဘုရား အချိုရည်လို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။

အက်ဇ တက်အင်ပါယာကြီး ပြိုကွဲသွားပြီးနောက်မှာတော့ ချော ကလက်ဖျော်ရည် သောက်သုံးမှုဟာ တဖြည်းဖြည်းဥရောပ နိုင်ငံများအထိပျံ့နှံ့သွားကာ ၁၈၄၇ ခုနှစ်မှာ အင်္ဂလိပ်လူ မျိုး ဂျိုးဇက်ဖရိုင်းဆိုသူက ချောကလက်အနှစ်ကို ပုံသွန်း အေးခဲစေရာမှစလို့ ချောကလက်အခဲအတောင့်ပုံစံဖြစ် လာခဲ့ပါတယ်။

နည်းပညာတွေတိုးတက်လာတဲ့အလျောက် ကိုကိုးသီးရဲ့သဘာဝ ခါးသက်သက် အရသာကိုဖျောက်ဖို့ သကြား-နို့၊ မလိုင်၊ သီဟို၊ မြေပဲ၊ သစ်ချ-သစ်ကြား၊ ဒိန် ချဉ် စတဲ့ဖြည့်စွက်စာတွေပေါင်းထည့်ပြီး ချောက လက်တွေ ကို အရသာအမျိုးမျိုး၊ ပုံစံအမျိုးမျိုးတွေနဲ့ ထုတ်လုပ်လာကြ ပါတယ်။

ချောကလက်နှင့် ဗယ်လင်တိုင်း....


Valentine Day ဟာ အေဒီ ၄၉၆ လောက်က ရောမမှာစတင်ခဲ့ပြီး သူတော်စင်ဗယ်လင် တိုင်းကိုအစွဲပြုလို့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၆၁၅ ခုနှစ်မှာ စပိန်ဘုရင်ရဲ့သမီးတော် အန်းန်မင်းသမီးဟာ နာမကျန်းဖြစ်ဖြစ်နေ တဲ့ သူမရဲ့ခင်ပွန်းသည်ဖြစ်သူ ပြင်သစ်ဘုရင် လူး ဝစ်(၁၃)ကို ချစ်သက်လက်ဆောင် အဖြစ် ချောကလက်
ဖျော်ရည်တိုက်ကျွေးခဲ့ရာ ဘုရင် မင်းမြတ်ဟာ ခန္ဓာကိုယ်နုံးချည့်ဝေဒနာများ ယူပစ်သလိုပျောက်သွားပြီး ပြန် လည်ကျန်း မာလာခဲ့ပါတယ်။

ဘုရင်မင်းမြတ်ကလည်း သူမကို ကြက်သွေးနီရဲရဲ နှင်းဆီပန်းတစ်စည်း လက်ဆောင်ပေးခဲ့ပါတယ်။ ထိုအ ချိန်မှစပြီး ပြင်သစ်မှူးမတ်အသိုင်းအဝိုင်းမှာ ချောက လက်ဖျော်ရည်ဟာ အဖိုးတန်တဲ့ဆေးရည်အ ဖြစ် ရေပန်း စားလာပြီး မင်းစိုးရာဇာပွဲတွေ မှာ မပါမဖြစ်တဲ့ဖျော်ရည်အဖြစ် ပွဲလယ်တင့် နေပါတယ်။

အန်းန်မင်းသမီးနှင့်လူးဝစ်(၁၃)တို့ရဲ့ အပြန်အလှန် ချစ်သက်လက်ဆောင် ကိုအစွဲပြုလို့ နောင်လာနောက် သားတွေက ချစ်သူကြင်ဖက်အချင်းချင်း အမျိုးသမီးက အမျိုးသားကို ချောကလက်လက်ဆောင်ပေး ကြသလို အမျိုးသားက အမျိုးသမီးကို နှင်း ဆီပန်းနီနီ လက်ဆောင်ပေးကြခြင်းဖြစ်ကြောင်း ပြင်သစ် နိုင်ငံမှာ ယနေ့ ထက်တိုင် ပါးစပ်ရာဇဝင်တွင်နေဆဲဖြစ်ပါ တယ်။ ၁၈၆၁ ခုနှစ်ရဲ့ ချစ်သူများနေ့မှာတော့ ရစ်ချက်ကဒ် ဘာရီ ဆိုသူက အတွေးကောင်းကောင်းဖြင့် အသည်းနှလုံး ပုံချောကလက်ကို စတင်ဖန်တီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရောက်တိုင်းမှာ ချစ်သူတွေဟာ သူတို့ရဲ့အချစ်နဲ့ ဂရုစိုက် မှုတွေကိုပြသတဲ့အနေနဲ့ အချင်း ချင်း ချောကလက်၊ အရုပ်၊ ပန်း၊ ပို့စကဒ်စတဲ့ လက်ဆောင်တွေ အပြန်အလှန်ပေးကြ သလို အင်္ကျီဆင်တူ ဝတ်၍ ချစ်သက်သေ ထူနေကြပါတယ်။

အမည်းရောင်ချောကလက်နှင့်ကျန်းမာရေး....

ချောကလက်ကို အပင်မှပြုလုပ်ရရှိတာကြောင့် ချော ကလက်စားသုံးခြင်းဖြင့် ဟင်းသီးဟင်းရွက်နှင့်သက် ဆိုင် တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ချောကလက်ရဲ့သဘာဝအရောင်မှာ အမည်းရောင်ဖြစ်ပါ တယ်။

(အချိုအရသာနဲ့နို့တွေထည့်သုံးထားတဲ့ အဖြူရောင် ချောကလက်ထက် အရောင်ရင့်ရင့် ခါးသက်သက်ချော ကလက်က ကျန်းမာရေးနဲ့ ပိုညီညွတ်စေပါတယ်)

(၁) အမည်းရောင်ချောကလက်မှာ

Phenols (ခေါ်)အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင် နေတာကြောင့် အရွယ်တင်နုပျိုစေပါတယ်။ ချောကလက် ရဲ့ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေကို နှိုင်းယှဉ်ကြည့်ရာမှာ

(က) ချောကလက် ၁အောင်စခွဲ အရွယ်အတုံးလေးတစ်ခု မှာ ဝိုင်နီ ၅အောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ် တိုးပစ္စည်းတွေ ပါဝင်နေပါတယ်။

(ခ) လ္ဘက်စိမ်းထဲမှာပါရှိတဲ့ ဓာတ်တိုးပစ္စည်းထက် ၄ဆ ပိုပါတယ်။

(ဂ) အမည်းရောင် ဘယ်ရီသီးထဲမှာပါရှိတဲ့ ဓာတ်တိုးပစ္စည်းထက် ၈ဆခန့်ပို ပါတယ်။

(၂) ချောကလက်ထဲရှိ အဆီသုံးပုံတစ်ပုံဟာ
Stearic (ခေါ်)ခန္ဓာကိုယ်အကျိုးပြု ကိုလက်စထရောဆီဖြစ်ပြီး ကျန် အဆီသုံးပုံနှစ်ပုံကတော့ Oleic acid (ခေါ်) ခန္ဓာကိုယ် အကျိုးပြုတဲ့ မပြည့်ဝဆီဖြစ်ပါတယ်။ ဒါကြောင့် အမည်း ရောင်ချောကလက် အနည်းငယ် ကို နေ့စဉ်စားသူနဲ့ ချော ကလက် (လုံးဝ) မစားသူတွေကိုနှိုင်းယှဉ်ကြည့်ရာမှာ နေ့စဉ် စားသုံးသူတွေမှာ ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတဲ့ LDL ကို လက်စထေရောပမာဏ လျော့ကျနေ ကြောင်း လေ့လာတွေ့ ရှိရပါတယ်။

(၃) အမည်းရောင်ချောကလက် ကို

စားသုံးခြင်းဖြင့် သွေးတိုးကျစေခြင်း၊ ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းပမာဏကိုမျှ တစေခြင်း၊ ကောင်းတဲ့ HDL ကိုလက် စထရောကိုမြှင့်တင်ပေးခြင်း၊ မကောင်း တဲ့ LDL ကိုလက်စထရောပမာဏကို ၁ဝ ရာခိုင်နှုန်းထိ ကျစေခြင်း၊ လိင်စိတ် ဆန္ဒနိုးကြွခင်း၊ စိတ်ဖိစီးမှုကိုလျော့နည်း စေခြင်း၊ စိတ်ကိုလန်းဆန်းတက်ကြွလာ စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါ တယ်။

(၄) အမည်းရောင်ချောကလက်ကို

အနည်းငယ်မျှ နေ့စဉ်ပုံမှန်စားပေးရုံဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၇ ရာခိုင် နှုန်းနဲ့လေဖြတ်နိုင်ခြေ ၂၉ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

(၅) ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့

Free Radicals တွေကိုဖယ်ရှားပစ်နိုင်တာကြောင့်လည်း အဆစ်အ မျက် ရောင်ရမ်းကိုက်ခဲခြင်း၊ ခေါင်း ကိုက်ခြင်း၊ အားအင် ချည့်နဲ့ကုန်ခမ်းခြင်းတွေကို ထိထိရောက်ရောက် ပျောက် ကင်းသက်သာစေပြီး အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာ အကြိုရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပါးစပ်ထဲမှာ တဖြည်းဖြည်းချင်း အရည်ပျော်သွားတဲ့ ချောကလက်က လူကို ထူးခြားတဲ့ခံစားချက်တွေ ဖြစ်စေ ပါတယ်။ ရိုမန်တစ်ဆန်ခြင်း၊ နုပျိုခြင်း၊ ကျန်းမာခြင်း၊ ဂရု စိုက်ခြင်း၊ ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ခွန်အားဖြစ်ခြင်း စတဲ့ ခံစားချက်ကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်ဖို့ ချစ်သူများ နေ့မှာ မိမိချစ်ရတဲ့သူကို လက်ဆောင်ပေး ရအောင် အမည်း ရောင်ချောကလက်လေးတွေ ပြေးဝယ်လိုက်ကြပါစို့ရှင်။

ပေါက်ပေါက် (ကိုးကား…internet@Chocolate Info)

မှတ်ချက်များ