ဆောရီးပါ (ဟာသ)
အင်္ဂလန်အသင်းလက်ရွေးစင် ဂျွန်တယ်ရီသည် ဝေးလ်အသင်းကိုအနိုင်ရရှိပြီးနောက်ဝမ်းသာအားရဖြင့် သောက်စားပြီး သူတည်းခိုရာသို့ ပြန်ရောက်လာသည်။
အခန်းတံခါးဖွင့်လိုက်သောအခါ သူ့ဇနီးကို အခြားလူတစ်ယောက်နှင့်ပက်ပင်းတွေ့လိုက်ရ၍ စိတ်မထိန်းနိုင် ဘဲ ထိုသူကို ပြတင်းပေါက်မှပစ်ချလိုက်သည်။
‘အင်း ဒီငနဲတော့ မသေတောင် ကျိုးပဲ့သွားမှာ အသေအချာပဲ’
‘မသေဘဲနေပါ့မလားရှင်၊ ဒီအထပ်က ၂၅ ထပ်တောင်မြင့်တာလေ’
‘ဘာ၊ ၂၅ ထပ်ဟုတ်လား၊ ဘုရား ဘုရား၊ ဒါဆို ကျွန်တော်မူးမူးနဲ့ အထပ်မှားပြီးဝင်လာမိပြီထင်တယ်။ ကျွန်တော်နေတာ ၈ လွှာမှာ။ ခင်ဗျားလည်းကျွန်တော့်မိန်းမ မဟုတ်ဘူး၊ ဆောရီးနော်’
The Myanma Age

မှတ်ချက်များ