ကျိုက်ထီးဆောင်းဆရာတော်အား ထိုင်းဝန်ကြီးချုပ်နှင့် ကာချုပ်တို့ သီးခြားစီ လာရောက်ဖူးမြော်
ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသမှုခံယူနေသည့် ကျိုက်ထီး ဆောင်းဆရာတော်ကြီးအားထိုင်း နိုင်ငံဝန်ကြီး ချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ သီးခြားစီလာရောက် ဖူးမြော်ခဲ့ကြောင်း ဆရာတော်နှင့်အတူလိုက်ပါ သွားသူများကပြောသည်။
ကျိုက်ထီးဆောင်းဆရာ တော်ကြီးသည် ထိုင်းနိုင်ငံဘန် ကောက်အထူးတပ်မတော်ဆေးရုံ ကြီးတွင် ဆေးဝါး ကုသမှုခံယူနေ ခြင်းဖြစ်သည်။
ဆရာတော်ကြီးအား ထိုင်း နိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာကဖေဖော်ဝါရီ ၂၉ရက် ညနေ ပိုင်းတွင်လာ
ရောက် ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။
‘‘ဒီနိုင်ငံရဲ့ ၀န်ကြီးချုပ်ကိုယ် တိုင်လာဖူးတယ်။ ကန်တော့ ပစ္စည်းတွေ ဆပ်ကပ်ပြီးဆရာတော်ကို ကန်တော့ သွားတယ်။ သီးခြားဆရာတော်ကမိန့်တာ၊ ၀န်ကြီးချုပ်ကလျှောက်တာတော့ မရှိပါဘူး’’ဟု အတူလိုက်ပါသွား သူ တစ်ဦးကဖုန်းဖြင့်တစ်ဆင့် ဖြေကြားသည်။
ထို့အပြင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည်လည်း ကျိုက်ထီးဆောင်းဆ ရာတော်ကြီးအား ဖေဖော်ဝါရီ ၂၁ ရက်က သီးသန့်လာရောက် ဖူးမြော်ခဲ့ကြောင်း၎င်းကပြောသည်။
‘‘ထိုင်းကာကွယ်ရေးဦးစီး ချုပ်က အရင်ကတည်းက ဆရာ တော်ကြီးရဲ့ ဒကာအရင်းဖြစ်နေ တာ။ မြန်မာနိုင် ငံလာရင်လည်း သူလာဖူးတယ်’’ဟု အတူလိုက်ပါ သွားသူကပြောသည်။
ထွန်းခိုင် | 7day

မှတ်ချက်များ