ဖြူဖြူကျော်သိန်း - ''လူငယ်တွေအတွက် အမှတ်တရဖြစ်စေမယ့် နေ့မျိုးမှာ ဖြူဖြူရဲ့သီချင်းလေးကို စတင်ဖြန့်ချိလိုက်ရတဲ့အတွက် ဝမ်းသာရပါတယ်''
ချစ်သူ များနေ့တွင်စတင်ဖြန့်ချိမည့် ''ယုံလိုက်စမ်း'' တေးသီချင်းနှင့် ပတ်သက်၍တေး သံရှင်ဖြူဖြူကျော်သိန်း က အခုလိုပဲ ပြောပြခဲ့ပါတယ်။
''ဖြူဖြူရဲ့'ယုံလိုက်စမ်း'တေးသီ ချင်းကို ဖေဖော်ဝါရီ ၁၃ရက် ည ၁၂ နာရီကျော်တာနဲ့ အွန်လိုင်းကနေပြီး တော့ အခမဲ့ Download ဆွဲလို့ရပါ ပြီ။
အဲဒီတေးသီချင်းလေးက ချစ်သူ များနေ့အထိမ်းအမှတ်အနေနဲ့ ဖြူဖြူက ပရိသတ်တွေကို လက်ဆောင်ပြန်ပေး တာပါ။ 'ယုံလိုက်စမ်း''သီချင်းလေး မှာဆိုရင်ဖြူဖြူကိုယ်တိုင်ပါဝင်ထားတဲ့ Performance ကိုလဲ မြင်တွေ့ရမှာ ပါ။ သီချင်းလေးကတော့ Single တေးသီချင်းလေးဖြစ်တဲ့အတွက် အား လုံးအကြိုက်တွေ့မယ် လို့ထင်ပါ တယ်။
'ယုံလိုက်စမ်း'တေးသီချင်းလေးထဲမှာ ဖြူဖြူနဲ့အတူတူ Performance အ တွက် ကူညီပေးထားတဲ့သူကတော့ ထက်ဘုန်းနိုင်ပါ။ ဒီလိုမျိုးလူငယ်တွေ အတွက် အမှတ်တရဖြစ်စေမယ့်နေ့ မျိုးမှာ ဖြူဖြူရဲ့သီချင်းလေးကို စတင် ဖြန့်ချိလိုက်ရတဲ့ အတွက် ဝမ်းသာရပါ တယ်။
နောက်နှစ်တွေမှာလဲ နှစ်တစ် နှစ်ရဲ့ ရက်ထူးရက်မြတ်တွေ၊ ပြီးတော့ လူငယ်တွေအတွက် မှတ်မှတ်ရရ ဖြစ် စေတဲ့နေ့တွေမှာ ဖြူဖြူဒီလိုမျိုးလေး တွေလုပ်ဖို့အတွက်လဲ စဉ်းစားထားပါ တယ်။ အခုလောလောဆယ်တော့ ဖြူဖြူရဲ့တစ်ကိုယ်တော်တေးသီချင်း ခွေအသစ်ထွက်နိုင်ဖို့အတွက် ပြင် ဆင်နေပါတယ်''
''ယုံလိုက်စမ်း''သီချင်းအား ဖေ ဖော်ဝါရီ ၁၃ရက်နေ့ ည ၁၂နာရီမှ စတင်၍ဖေဖော်ဝါရီလ ၁၄ရက်နေ့ ည၁၂နာရီအထိ အွန်လိုင်းတွင် အခမဲ့ download ရယူနိုင်ပြီး ဖေဖော် ဝါရီ ၁၄ရက် ည ၁၂ နာရီကျော်သည် နှင့် တေးသီချင်းတစ်ပုဒ်လျှင် ကျပ် ၃ဝဝ ကျသင့်မည်ဖြစ်သည်။
NN - ဒီမိုကရေစီတူဒေး

မှတ်ချက်များ