ကိုးကန့် တိုက်ပွဲ တွေ သိန္ဒီ ထိ ရောက်လာ
ရှမ်း ပြည်နယ် ကိုးကန့် ဒေသ မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့  က နေ စတင် တဲ့ ကိုးကန့် MNDAA နဲ့  မြန်မာ စစ်တပ် ရဲ့  တိုက် ပွဲ တွေ ဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှာ ရှမ်း ပြည်နယ် သိန္ဒီ မြို့  အနီး ထိ ရောက် ရှိ လာ ပြီ ဖြစ်ပါတယ်။
ကိုးကန့်  ဘက် ကနေ မိုင်းလား တပ် တွေ ၊ တအောင်း တပ် တွေ က ဒေသတွင်း စိမ့်ဝင် ထိုး ဖောက် နိုင်မှု နဲ့  ပစ် အား ကောင်းတာ ကြောင့် ကိုးကန့်  ဒေသ မှာ တင် မဟုတ် တော့ ဘဲ ကွတ်ခိုင် သိန္ဒီ စတဲ့ ဒေသ တွေ ထိ ရောက် ရှိ လာတာ ဖြစ်ပါတယ်။
ကွမ်လုံ မြို့  မှာ လည်း နှစ် ဖက် ပစ်ခတ် မှု တွေ ဆက် ရှိ နေ ပြီး MNDAA ဟာ လောက်ကိုင် ဒေသ ကို ပြန်လည် ထိမ်း ချုပ် နိုင် ဖို့  ဆက်လက် ကြိုးစား နေတာ ကြောင့် ဒေသတွင်း တိုက်ပွဲ တွေ ပြင်းထန် နေဆဲ ဖြစ်ပါတယ်။
တရုတ် ပြည် ဘက် ကို ထွက် ပြေး တဲ့ ဒုက္ခသည် ငါးသောင်း လောက် ကိုတရုတ် အစိုးရ က တာ ၀န်ယူ ကျွေးမွေး စောင့် ရှောက် ထား ပေမယ့် မြန်မာ ပြည်တွင်း ဘက် ကိုဝင် ပြေး တဲ့ ဒုက္ခသည် တွေ က တော့ ခိုနားရာမဲ့ ဘ၀ နဲ့  ဒုက္ခ မျိုးစုံ ကြုံ နေရ ပါတယ်။
မနေ့ က တရုတ် ဓာတ်ပုံ နဲ့  သတင်း သမား တွေ က လောက်ကိုင် မြို့  အတွင်း မှာ လတ်လတ် ဆတ်ဆတ် သတ်ဖြတ် ထား တဲ့ အလောင်း ၂၀၀ လောက် တွေ့ တယ် လို့  မီဒီယာ တွေ ကို ပြောပါတယ်။
၂၄ရက်နေ့ မနက် အစောပိုင်း မှာ သိန္ဒီ က နေ ကွတ် ခိုင် ကို အထွက် မှာ တိုက် ပွဲ ငယ် တစ် ချို့  ဆက် လက် ဖြစ်ပွား ခဲ့ ပါတယ်။
(Rachanok Min Burma - Photo - AAP)



မှတ်ချက်များ