အသက် ၁၉ နှစ်ရောက်သည့်တိုင် ၇ နှစ်ကလေးတုန်းကလို အရွယ် သာရှိနေတဲ့ တရုတ်ကလေးမလေး
အမြဲတမ်း နုပျိုငယ်ရွယ်နေတော့မှာလား။ အမျိုးသမီးတွေအများစု လိုလိုလားလားတောင့်တာနေကြတဲ့ ငယ် ရွယ်နုပျိုခြင်းက ကလေးမ လေး တစ်ယောက်အတွက်တော့ ဘုရားသခင်ကမှားယွင်းပြီး ဖန် ဆင်းပေး လိုက်လေသလားပါပဲ။
တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်၊ ဖူရွှမ်ကောင်တီ ဟူဇိုးမြို့ကအသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကလေးမလေး ရဲ့ ရုပ်အသွင်က ပြီးခဲ့တဲ့ ကလေးဘဝအသက် ၇ နှစ်အရွယ်တုန်းက အ တိုင်းပဲ ရှိနေခဲ့ပါတယ်။
ဇန်ယူရှန်အမည်ရှိတဲ့ ကလေးမလေးက သူမ အသက် ၇ နှစ်အရွယ် ကတည်းက သူမရဲ့ခန္ဓာကိုယ် ဖွံ့ဖြိုး
ခြင်း ရပ်တန့်သွားတာဖြစ်ပြီးထူး ခြားဆန်းပြားစွာပဲ ယနေ့အချိန်ထိ ယင်းသို့ အတိုင်းသာရှိနေခဲ့တာ ပဲဖြစ်ပါ တယ်။
သူမရဲ့ ထူးခြားဆန်းပြားလွန်းတဲ့ ရောဂါ လက္ခဏာအတွက် နိုင်ငံ တွင်း ပါမောက္ခဆရာဝန်ကြီးတွေ၊ ဆေးပ ညာသုတေသနပြုသူတွေ က စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိ ဆေးပညာ စစ်ဆေးတွေ့ရှိ ချက်မှာတော့ ဦးနှောက်မှာရှိတဲ့ ဂလင်းမ်တစ်ခု ချို့ ယွင်းမှုကြောင့် ဦးနှောက်အကျိတ်ရောဂါဖြစ်ပေါ်လာကာ ယင်းက နေမှခန္ဓာကိုယ်ဖွံ့ထွားမှုဟော်မုန်းတွေကိုနှောင့်နှေးရပ်တန့်သွား စေခဲ့တာပဲဖြစ် တယ်လို့သိရပါ တယ်။
Phothutaw


မှတ်ချက်များ