လွိုင်ကော်မြို့နယ် နောင်ယား(က) ရပ်ကွက် ၊ မြို့ဦးဘုန်းကြီးကျောင်းရှေ့၊ ကန္ဒရ၀တီလမ်း ၊ ဖေဖော်ဝါရီ (၃) ရက် ည(ရ)နာရီခန့်တွင် ရွေပအိုဝ်း (တောင်ကြီး၊ ဆီဆိုင်၊ လွိုင်ကော်) ကားနှင့် မော်တော်ဆိုင်ကယ် တစ်စီး က မျက်နှာချင်းဆိုင်တိုက်မိရာတွင် အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အခင်းဖြစ်ပွားရာတွင် သေဆုံးသွားကြောင်း လွိုင်ကော်မြို့နယ်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ညနေ(၇)နာရီခန့်တွင် ရွေပအိုဝ်းကားကို မောင်းနှင်သော အောင်နိုင်ဦး(ခ) ကိုစိုင်း အသက်(၄၇) သည် လွိုင်ကော်မြို့တွင်းသို့ ကားအ၀င် မောင်းနှင်လာပြီး တဖက်မှ မော်တော်ဆိုင်ကယ် မောင်းနှင်လာ
သော ဇနီးမောင်နှံများဖြစ်ကြသည့် ကိုသန်းနွယ်နှင့် ဒေါ်ခင်မာအေးတို့နှင့် မျက်နှာချင်းဆိုင်တိုက်မိသွားခဲ့ သည်ဟု သိရသည်။
သေဆုံးသွားသော ဆိုင်ကယ်မောင်းနှင်သူ ကိုသန်းနွယ်နှင့် ၎င်းဇနီး မခင်မာအေးအား ဆေးရုံတွင် စစ်ဆေး ရာတွင် မခင်မာအေးတွင် ကိုယ်ဝန်(၃) လ လွယ်ထားနေသည်ကို သိရကြောင်း သိရပါသည်။
ကားမောင်းနှင်သူသည် ယာဉ်အား မောင်းနှင်ထွက်ပြေးပြီး သက်ဆိုင်ရာရဲမှ လိုက်လံစုံစမ်းရာ မင်းစုရပ် ကွက်ရှိ ငြိမ်းချမ်းပိးကားဂိတ်တွင် ပြန်လည်တွေ့ရှိ ဖမ်းဆီးမိခဲ့ကြောင်း သိရပါသည်။
ကားမောင်းနှင်သူ အောင်နိုင်ဦး(ခ) ကိုစိုင်း ကိုတော့ ဒုရဲအုပ်ငြိမ်းဇော်မင်းမှာ တရားလိုပြုလုပ်ပြီး ပုဒ်မ ယာဉ်(ပ) ၁၀/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၀၄ -က/၂၀ ဖြင့် တရားစွဲထားကြောင်းသိရပါသည်။
ဖြိုးဝေအောင် | ကန္တာရ၀တီတိုင်း(မ်)

မှတ်ချက်များ