အသားဖြူကရင်မ် ခြောက်မျိုး သုံးစွဲရန်မသင့်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနကြေညာ
နိုင်ငံကြီး သုံးနိုင်ငံမှ ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသော မျက်နှာလိမ်း အသားဖြူကရင်မ် ခြောက်မျိုး၌ အန္တရာယ်ဖြစ်စေနိုင်သော တား မြစ် ဓာတုပစ္စည်းများတွေ့ရှိသဖြင့်သုံးစွဲရန်မသင့်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ ကရင်မ် ခြောက်မျိုး မှာ ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံ ထုတ် အလှကုန်များဖြစ်ပြီး မှတ်ပုံ တင်ထား
ခြင်းမရှိပေ။ မြန်မာနိုင် ငံအစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA)မှ တိုင်းနှင့်ပြည် နယ်များ ရှိဈေးများမှ အလှကုန်ပစ္စည်းများ ကို ၀ယ်ယူစစ်ဆေးခဲ့ရာ၌ ယင်းမျက်နှာလိမ်း ကရင်မ် ခြောက်မျိုး တွင် Hydroq-uinone, RetinoicAcid စသော တားမြစ်ဓာတု ပစ္စည်းများပါဝင် နေသည်ကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မျက်နှာလိမ်းကရင်မ်ခြောက် မျိုးမှာ ထိုင်းနိုင်ငံထုတ် Tree 3 Days-Brighten & Rewhiten Cream, Bashi-Day Cream, LAY NOW-Whitening Night Cream, Polla-Anti Melasma Cream (New Night Cream) ၊ တရုတ်နိုင်ငံထုတ် Bashi Day Cream (Whitening Cream) နှင့်ဂျပန်နိုင်ငံထုတ် PW-BannishingCream အမှတ်တံဆိပ်များ ဖြစ် သည်။ယင်းအလှကုန်များတွင် မျက် နှာအရေးအကြောင်း
ပျောက်သည့် ဆေးများနှင့် တားမြစ်ထားသည့် ဓာတုပစ္စည်းများပါဝင်နေခြင်း ကြောင့် အလှကုန်ဟု သတ် မှတ် ၍မရဘဲ အဆိုပါပစ္စည်းများကို သုံးစွဲမည်ဆိုပါက ဆရာဝန်၏ ညွှန် ကြားချက်ယူပြီးမှ သုံးစွဲသင့်သည် ဟု အရေပြားဆရာဝန်ကြီးတစ်ဦး က အကြံပြုပြောကြားသည်။
‘‘ဆေးပါရင် အလှကုန်လို့ မသတ်မှတ်တော့ဘူး။ အလှကုန် ထဲမှာ ဆေးပါဝင်နှုန်းကို ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းဆိုပြီးတော့ ရာခိုင်နှုန်းနဲ့ ခွင့်ပြုထားတာရှိတယ်။ ဒီထက်ပိုပြီး ၄ ရာခိုင်နှုန်းလောက်ပါတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်တယ်။ နိုင်ငံတော်အနေနဲ့ကလည်း FDA ထောက်ခံချက်မရှိရင် မသုံးစွဲရလို့ စည်းကမ်းချက်ထားရှိပြီး ကြပ်မတ်သင့်ပါတယ်’’ဟု ၎င်းက အကြံပြုပြောကြားသည်။
ထိုအလှကုန်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်နှင့် တင်သွင်းရောင်းချဖြန့်ဖြူးသူများကို တွေ့ရှိပါကလည်း ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
‘‘သူငယ်ချင်းတစ်ယောက် ကြုံဖူးတယ်။ အလှကုန်ကောင် တာကြီးတွေမှာတော့ မရောင်း ဘူး။ ဈေးထဲက အလှကုန်ဆိုင်က နေ ၀ယ်သုံးတာ။ တစ်ဆင့်ပြီး တစ်ဆင့်သုံးရတဲ့ အသားဖြူကရင်မ် သုံးလိုက်တာနဲ့ သိသိသာသာဖြူ သွားတယ်။ တစ်ပတ်၊ နှစ်ပတ်လည်းနေရောအမည်းစက်တွေ၊ ၀က်ခြံတွေထွက်လာတယ်။ ပြီးတော့ FDA က အသိအမှတ်ပြုထားတာ မဟုတ်ဘူး။
တရားဝင်တင်သွင်းဖြန့်ဖြူးလာတာမဟုတ်ဘူးဆိုတော့ သိပ်တော့ မယုံကြည်ရဘူး။ အသားတော့ဖြူတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်။ သိပ်တော့ မသုံးသင့်ဘူးလို့ မြင်တယ်’’ဟု အသက် (၂၀) ကျော်အရွယ် မရည်မွန်က ပြောသည်။
7 Day

မှတ်ချက်များ