တစ်နေ့တာ ဟောစာတမ်း(၂၅ ဖေဖော်ဝါရီ ၂၀၁၅ )
Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ယနေ့အတွက် ရည်မှန်းချက်များ၊အလုပ်အကိုင်များကို လွယ်လွယ်ကူကူနှင့် ပြီးစီးအောင်မြင်နိုင်မည်ဖြစ် သည်။ အရာရာကို တိကျသေချာ အောင်ပြင်ဆင်ထားပါမှ လုပ်ငန်းများတွင် အဆင်ပြေ ချောမွေ့နိုင် မည်ဖြစ်သည်။
Taurus (ဧပြီ-၂၁ မှ မေ-၂၁ ရက်နေ့ မွေးသူများ)
စိုးရိမ်စရာ၊ ပူပန်သောကများရှိသော်ငြားလည်း ရည်မှန်းချက်များအ ကောင်အထည်ဖော်ခြင်းကို လက် မလျှော့သင့်ပါ။ မမျှော်လင့်ထား သော၊ မရင်းနှီးသော နေရာအရပ်များမှ မိမိအတွက် စိတ်စွမ်းအင်ခွန် အား များရရှိလာနိုင်မည်။
Gemini (မေ-၂၂ မှ ဇွန် ၂၁ ရက်နေ့ မွေးသူများ)
ရာသီဖွားများ၏ ဘဝသင်ခန်းစာ၊ နေထိုင်မှုပုံစံများကို တဖန်ပြန်လည် စစ်ဆေးသုံးသပ်သင့်သည်။ ငွေရေးကြေးရေးနဲ့ပတ် သက်ပြီး အရှုပ်အရှင်းအနည်းငယ်ဖြေရှင်းလာရနိုင်သည်။
Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂ ရက်နေ့ မွေးသူများ)
မိမိတစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ပဲ အခြားသူများ၊ လုပ်ဖော်ကိုင်ဖက်များအတွက် ဦးစားပေး လုပ်ကိုင်နေရခြင်းက ယနေ့မှာ စိုးမိုးနေမည်။ စိတ်ပါဝင်စားသည့် အရာများအပေါ် စိတ်နှင့်ပြီးလုပ်ဆောင် ရမည်ဖြစ်ကာ အခြားသူများကိုလည်း စိတ်ပါ ဝင်စားလာအောင် စွမ်းဆောင်နိုင်ရမည်ဖြစ်သည်။
Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ ရက်နေ့ မွေးသူများ)
နေ့စဉ်လုပ်ဆောင်နေရသော လုပ်ငန်းစဉ်များက အနာဂတ်ရည်မှန်း ချက်အတွက် အထောက်အပံ့ပေးနိုင် သည့်အလုပ်အကိုင်များဖြစ်လာ နိုင်သည်။ လုပ်ငန်းခွင်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ မိသားစု၊ ကျန်းမာရေး အစရှိသော အကြောင်းအရာတို့တွင် ပြဿနာအနည်း ငယ်ပေါ်လာနိုင်သည့်အတွက် သတိထားနေထိုင်သင့် သည်။
Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
ရာသီဖွားများအတွက် ဖြတ်သန်းရသော ဘဝနေ့ရက်များတွင် ကောင်းမွန်သော၊ စိတ်ပျော်ရွှင်စရာကောင်း
သောအတွေ့အကြုံသစ်များရရှိလာနိုင်သည်။ လက်တွဲဖော်နှင့် ပိုမိုရင်းနှီး သော ဆက်ဆံရေး၊ သစ္စာတည်မြဲ ခိုင်မာသော ဆက်ဆံရေးတည် ဆောက်ဖို့အတွက် အပေးအယူမျှတစွာဖြင့် ညှိနှိုင်းသင့်ပါသည်။
Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃ ရက်နေ့ မွေးသူများ)
မပြီးစီးသေးသော အိုးအိမ်၊ အိမ်ပိုင်၊ ပိုင်ဆိုင်မှု ဆိုင်ရာအကြောင်းအ ရာများကို အလျှင်အမြန်ပြီးစီးအဆုံး သတ်သင့်သည်။ လက်ရှိမှာ သဘောတူညီမှုရယူထားသော အဆုံးအဖြတ်များကို ခိုင်မာအောင်၊ သေချာအောင် ထိန်းသိမ်းထားသင့်သည်။
Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂ ရက်နေ့ မွေးသူများ)
ပေါင်းသင်းဆက်ဆံရေး၊ အလုပ်လုပ်ငန်းခွင်နေရာ၊ ပြင်ပသွားလာ လုပ်ဆောင်မှုတို့တွင် အထင်ကြီးလေး စားမှုကိုရရှိနိုင်မည်။ ပတ်ဝန်းကျင်က ထိုးနှက်ရိုက်ခတ်မှုများအကြားတွင် အလွယ်တကူခံ စားလွယ်ခြင်း၊ လက်လျှော့ပေးလွယ်ခြင်းများကို ဆင်ခြင်လိုက်ပါက အောင်မြင်မှုများပြန်လည်ရရှိလာနိုင်မည်ဖြစ်သည်။
Sagittarius (နိုဝင်ဘာ-၂၃ မှ ဒီဇင်ဘာ-၂၁ ရက်နေ့ မွေးသူများ)
မတူညီသော မရင်းနှီးသော ပတ်ဝန်းကျင်၊ နေရပ်၊ အလုပ်အကိုင် နေရာများမှ ရာသီဖွားအတွက် ကောင်း ကျိုးများ ထွက်ပေါ်လာနိုင်သည်။ အရည်အသွေးကောင်းမွန်သော အသုံးအ ဆောင်ပစ္စည်းများ စုဆောင်း ဝယ်ယူထားမိတာကြောင့် အသုံးပြုရ ကောင်းကျိုးသာ အဆင်ပြေမှုများ ခံစားနေရမည်ဖြစ်သည်။
Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀ ရက်နေ့ မွေးသူများ)
ရာသီဖွားများ၏ အိမ်မက်စိတ်ကူးများက တစ်ခါတစ်ရံတွင် လက်တွေ့မကျခြင်းများကြောင့် အကောင်အ ထည်ဖော်ဆောင်နိုင် မည့်အရေး အလှမ်းဝေးသွားရမည်ဖြစ်သည်။ ယနေ့အတွက် မိမိလျှောက်သော လမ်း၊ ရွေးချယ်မည့် လမ်းက အခြားသူများလျှောက်ပြီးသားဖြစ်သော်လည်းပဲ ယုံကြည်ချက်အ ပြည့်နှင့် လျှောက် လှမ်းရမည်ဖြစ်သည်။
Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈ ရက်နေ့ မွေးသူများ)
ယနေ့က ရာသီဖွားများအတွက် အလုံးစုံအဆင်ပြေနိုင်မည့် နေ့ရက် တစ်ရက်တော့မဟုတ်ပါ။ မရင်းနှီးသော၊ မကျွမ်းကျင်သော လုပ်ငန်း များကို လုပ်ဆောင်နေရမည်။
Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀ ရက်နေ့ မွေးသူများ)
စိတ်ရှည်သည်းခံခြင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခြင်းများကို ဖမ်းဆုပ် နေထိုင်ရမည့်နေ့ရက်တစ်ရက်တာဖြစ် သည်။ လျှောက်လှမ်းမည့် အနာဂတ်လမ်းကြောင်းအတွက် မိမိဘက်က သေချာပိုင်နိုင်မှုများဖြင့် ဖြည့်တင်း ကြိုးစားရမည်။
ဖိုးသူတော်

မှတ်ချက်များ