ကျောင်းသားသပိတ်မှ ပဋိပက္ခများဖြစ်ပွားလာမည်ကို ပြည်သူများစိုးရိမ်
ကျောင်းသားသပိတ်များ အရှိန်တက်လာသည် နှင့်အမျှ သပိတ်မှစတင်၍ ပဋိပက္ခများဖြစ်ပွားလာ ပြီး တိုင်း
ပြည်မငြိမ်မသက်ဖြစ်လာ မည်ကိုအခြေခံပြည်သူအများစု စိုးရိမ်နေကြသည်။
ဖေဖော်ဝါရီ ၃ ရက်တွင် ပြုလုပ်သည့် အစိုးရနှင့် သပိတ် မှောက်ကျောင်းသားများအကြား ဆွေးနွေးညှိနှိုင်း
နေသော အမျိုး သားပညာရေးဥပဒေပြင်ဆင်ရေး ဒုတိယအကြိမ်လေးပွင့်ဆိုင်ဆွေး နွေးပွဲ ရွှေ့ဆိုင်းခဲ့ပြီး
နောက် ရပ်နားထားခဲ့သည့် သပိတ်စစ်ကြောင်းများ အရှိန်မြှင့်လာသည်။
ခေတ္တရပ်နားထားသော သပိတ်စစ်ကြောင်းများဖြစ်သည့် ပခုက္ကူ၊ ထားဝယ်၊ မော်လမြိုင်၊ ဧရာဝတီတို့မှ သ ပိတ်မှောက် ကျောင်းသားများသည် ရန်ကုန် သို့ ချီတက်ကာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသပိတ်ဆင်နွှဲ သွားမည်ဟု သပိတ်မှောက်ကျောင်း သားများက ကြွေးကြော်ထား သည်။ သပိတ်စစ်ကြောင်းများမှာ မကြာ မီရက်အတွင်း ရန်ကုန်မြို့ သို့ ရောက်ရှိလာတော့မည်ဖြစ် သည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ် မှောက်ဆန္ဒပြနေခြင်းအပေါ် ပြည် သူအများစု အားပေးထောက်ခံမှု ရှိနေသော်လည်း တစ်ဖက်တွင် သပိတ်မှောက်ဆန္ဒပြ တစ်ဆင့် အကြမ်းဖက်မှုများ၊ ဆူပူအုံကြွမှု များဖြစ်ပွားပြီး ပဋိပက္ခ အဖြစ် အသွင်ပြောင်းလဲသွားမည်ကို လည်း စိုးရိမ်ပူပန်မှုများရှိနေ သည်။
အမျိုးသားပညာရေးဥပဒေ ကြမ်းပြင်ဆင်ရေးနှင့် ပတ်သက်၍ ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြနေမှု ကို 7Day Daily သတင်းစာက ရန်ကုန်၊ မော်လ မြိုင်၊ ဧရာဝတီတို့မှ အခြေခံလူ တန်းစားပြည်သူ ၅၂ ဦးကို ကျပန်းတွေ့ဆုံ၍ ၎င်းတို့၏ သဘော ထားနှင့် အမြင်များကို မေးမြန်းခဲ့ သည်။ ၃၉ ဦးက ဆန္ဒပြရာမှ နောက် ဆက်တွဲဆူပူမှုဖြစ်မည်ကို စိုးရိမ်ကြသည်ဟု ဖြေကြားပြီးလေးဦးက စိုးရိမ်ပူပန်မှုမရှိဟု ဖြေဆိုကာ ကျန် ကိုး ဦးက ကျောင်းသား များသပိတ်မှောက်ဆန္ဒပြမှုကို သိရှိခြင်းမရှိဘဲ စိတ်ဝင်စားခြင်းမရှိ ဟု ဖြေကြားခဲ့သည်။
ဖြေကြားသူအများစုက ဆန္ဒ ပြ ကန့်ကွက်မှုများမှတစ်ဆင့် အ ကြမ်းဖက်နှိမ်နင်းမှုများပြုလုပ် မည်ကို စိုးရိမ်
နေကြပြီး ရှစ်လေး လုံးကဲ့သို့ နောက်ထပ်အရေးအ ခင်းတစ်ခုဖြစ်လာမည်ကို စိုးရိမ်ပူ ပန်ကြောင်း ဖြေကြား ကြသည်။
ယခင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်များတွင် အစိုးရက အင်အားသုံးနှိမ်နင်းမှု များပြုလုပ်လေ့ရှိရာ ယခုအခါ တွင် သွေးထွက်သံယိုမှုဖြစ်ပွားပြီး နောက်ကြောင်းပြန်လှည့်မည်ကို မတွေ့မြင်လိုကြောင်း အစိုး ရနှင့် သပိတ်မှောက်ကျောင်းသားများ ဆွေးနွေးညှိနှိုင်းကာ အဆင်ပြေ စေလိုကြောင်းပြောသည်။
‘‘အခုဆို ကျောင်းသားတွေ က အကုန်နီးပါးပါလာပြီ။ အဲဒီ အခါကျမှ အစိုးရကလည်း မနိုင် တော့ဘူးဆို ရင် နောက်ကြောင်း ပြန်သွားမယ်။ အာဏာသိမ်းတာ တွေဖြစ်လာမယ်။ ဆူပူအုံကြွမှု တွေဖြစ်ပြီ။ ဒီထက် ပိုဆိုးလာမှာ စိုးတယ်’’ဟု ကမာရွတ်မြို့နယ်မှ ကုမ္ပဏီဝန်ထမ်း ကိုအောင်စိုးက ပြောသည်။
အနယ်နယ်အရပ်ရပ်မှ သပိတ်မှောက်ကျောင်းသားများ ၏ ရန်ကုန်မြို့ဆုံရပ်တွင် အာဏာ ပိုင်များက စစ်အာ ဏာရှင်ခေတ် ကဲ့သို့ ကိုယ်ထိလက်ရောက်နှိမ် နင်းမှုမဖြစ်သင့်ဘဲ ဒီမိုကရေစီ နည်းလမ်းကျကျဖြေရှင်းရမည် ဟု ပြည်သူများက မှတ်ချက်ပေးကြ သည်။
‘‘ကျောင်းသားတွေတောင်း တာဖြစ်သင့်ဖြစ်ထိုက်တာကို တောင်းတာ။ ကလေးတွေ တောင်းတာ အလွန်အ ကျွံမှ မဟုတ်တာ။ အစိုးရဘက်က မလျှော့ရင်တော့ အခြေအနေဆိုးနိုင်တယ်’’ဟု ကမာရွတ်မြို့နယ်နေ ခရီး သွား လုပ်ငန်းလုပ်နေသူ ကိုခင်မောင် ထွန်းကပြောသည်။
ထို့အပြင် တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြမှုကြောင့် မတည်မငြိမ်ဖြစ် ကာ နေ့စဉ်ရုန်း ကန်ရှာဖွေနေရ သည့်ဘ၀တွင် ထိခိုက်မည်ကို စိုး ရိမ်သည့်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းသင့်သည်ဟု ကျ ပန်းလုပ် ကိုင်သူအချို့က ဖြေကြားသည်။
‘‘အဲဒီလိုတွေဆန္ဒပြရင် အရပ်ဘက်တာဝန်ရှိသူတွေက တားမြစ်နေရာဆိုပြီး ကိုယ်ရောင်း နေကျနေရာလေး
တွေသွားမရောင်းခိုင်းတော့ စီးပွားရေး အခြေပျက်ရော’’ ဟု ရန်ကင်းမြို့နယ်အတွင်း မုန့်တီ၊ အသုပ် ရောင်း ချသည့် အထမ်းသည် ကိုလှမင်းထွန်းကဆိုသည်။
ရန်ကုန်သို့ သပိတ်မှောက် ကျောင်းသားများ ချီတက်လာမှု အပေါ် အရေးပါသော အဆုံး အဖြတ်ဟု မြင်ပြီး ဆူဆူပူပူမဖြစ် ကြရန် မျှော်လင့်ကြောင်းလည်း မရမ်းကုန်းမြို့နယ် မင်းဝေစာပေ ဖြန့်ချိရေးမှ ကိုသာစည်
ကျော်က ပြောသည်။
‘‘ရန်ကုန်ဆိုတာ အဓိကနေ ရာပဲလေ။ သတင်းစာတွေထဲမှာ ရေးထားတဲ့အတိုင်းဆို ရန်ကုန်မှာ ပဲကျောင်း
သားတွေ တစ်ခုခုလုပ် မယ်ထင်တယ်။ အစိုးရက ဘယ် လိုဖြေရှင်းပေးမလဲတော့ မသိ သေးဘူး’’ဟု ကို သာစည်ကျော် ကဆက်လက်ပြောသည်။
ထို့အပြင် မကြာမီကာလ တွင် စာမေးပွဲရာသီရောက်လာ မည်ဖြစ်ရာ ဆန္ဒပြမှုများကြောင့် ကျောင်းသားများ ၏ ပညာရေး ရပ်နားခံရမည်၊ စာမေးပွဲရွှေ့ဆိုင်း မည်ဆိုသည်ကိုလည်း ကျောင်း သားမိဘအချို့က ပူပန်မှု များရှိ နေသည်။
ခေတ်အဆက်ဆက်က အစိုးရနှင့် ကျောင်းသားထုအကြား ပဋိ ပက္ခများမှာ ယခင်အစိုးရလက် ထက်က တည်းကရှိနေခဲ့ခြင်းဖြစ် ပြီး ယခုကဲ့သို့ဖြစ်ရပ်များကြောင့် မကြာခင်ဖြေဆိုတော့မည့်အ ခြေခံပညာကျောင်း သားများ၏ စာမေးပွဲပေါ်တွင် ရိုက်ခတ်မှုများရှိလာနိုင်ကြောင်း ကလေး နှစ်ဦး၏ ဖခင်ဦးအောင်ဟန်ထွန်း က ပြောသည်။
‘‘အဲဒီလိုမျိုးသပိတ်မှောက် တာ တွေကြောင့် မလိုလားအပ်တဲ့၈၈ တုန်းကလိုမျိုး ဆူပူမှုတွေဖြစ် လာမှာကို စိုးရိမ်တယ်။ ဒါဆိုရင်ပြည်သူတွေအတွက် မကောင်းဘူး။ ပြီးတော့ ပိုဆိုးတာက ကျောင်းသားတွေကိုသာ အကြမ်းဖက်မှုတွေရှိ လာခဲ့ရင် ပညာတတ် ကျောင်းသားလေးတွေ ဆုံးရှုံးမှာကို စိုးရိမ်တယ်’’ဟု ၎င်းကပြော ကြားသည်။
ကျောင်းသားများ ဆန္ဒပြ သပိတ်မှောက်ခြင်းနှင့် ပတ်သက် ၍ သာမန်အခြေခံလူတန်းစားတို့ ၏ သဘော ထားမှာ ဆန္ဒပြလှုပ်ရှား မှုများကြောင့် နောက်ဆက်တွဲ အနေဖြင့် ဆူပူမှုဖြစ်လာပြီး ပြည် သူများ၏ စီးပွားရေး၊ လှုမှုရေး စသည့်အချက်များ အနှောင့်အ ယှက်မဖြစ်ရန်သာ လိုသည်ဟု ဆိုလိုခြင်းကိုတွေ့ရသည်။
‘‘ကျွန်တော်တို့ ဧရာဝတီက ဖြတ်သွားတုန်းကတော့ အေး ဆေးပဲဗျ။ ရန်ကုန်မှာတော့ ဘာ တွေဖြစ်မလဲ မ သိဘူး။ ဘာပဲဖြစ် ဖြစ်ဆူဆူပူပူတော့ မဖြစ်စေချင်ပါ ဘူး။ ရန်ကုန်မှာဖြစ်လည်း တစ်ခု ခုဆို ဘာပဲဖြစ်ဖြစ် အားလုံးဒုက္ခ ရောက်မှာလေ’’ဟု ဖျာပုံမြို့နယ် တွင် ကိုမင်းသိန်းအေးကပြော သည်။ထို့အပြင် ကျောင်းသား များ က ပညာရေးဥပဒေနှင့် ပတ် သက်၍ ၎င်းတို့၏ လိုလားချက် များကို ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေ
သော်လည်း အစိုးရက လုပ်ဆောင်ပေးမည်မဟုတ်ဟု ၎င်းတို့ကပြောကြားသည်။
‘‘အရင်ရော၊ အခုရော အစိုး ရက ကျောင်းသားတွေ တောင်း ဆိုတာတွေကို ဘယ်တုန်းက လိုက်လျောခဲ့လို့ လဲ။ အခုဒီလိုမျိုး သပိတ်မှောက်တောင်းဆိုနေပေမယ့်လည်း အရာမထင်ဘဲ ဒီအ တိုင်းပဲ ပြီးသွားမယ်ထင် တယ်။ ဆိုးဆိုးရွားရွားမဖြစ်ဖို့တော့ မျှော်လင့် တယ်’’ဟု သာကေတမြို့နယ်နေ အိမ်ရှင်မ ဒေါ်အေးအေးက
ပြောသည်။
ရန်ကုန်သို့ သပိတ်မှောက် ကျောင်းသားများ အုပ်စုခွဲ၍ချီ တက်လာမှုအပေါ် အရေးပါသော အဆုံးအဖြတ်ဟု
မြင် ပြီး ဆူဆူပူပူ မဖြစ်ကြရန် မျှော်လင့်ကာ အစိုးရ အနေဖြင့်လည်း ငြိမ်းချမ်းစွာ ဖြေရှင်းသင့်သည်ဟု ၎င်း တို့ကဆို သည်။
ကျောင်းသားများ သပိတ် မှောက်ဆန္ဒပြမှုများအပေါ် အစိုးရ ၏ ဖြေရှင်းနေမှုမှာလည်း စိုးရိမ် စရာများရှိနေ ပြီး နှစ်ဦးနှစ်ဖက် မနစ်နာဘဲ ထိခိုက်မှုမရှိရန် လို အပ်သည်ဟု ဗဟန်းမြို့နယ်နေ ကျောင်းသားမိဘ တစ်ဦး ကပြောသည်။
‘‘အဆင်ပြေပြေပြီးသွားပါ စေလို့ပဲ ဆုတောင်းတယ်။ ပြည် သူတွေက တိုင်းပြည်အဓိကရုဏ်း ဖြစ်မှာကို စိုးရိမ်နေတာ။ ကျောင်း သားတွေ ထိရင် မိဘတွေက ၀င် ပါမှာ’’ဟု ၎င်းကပြောသည်။
7day

မှတ်ချက်များ