နယ်စပ်ဆိုင်ရာကိစ္စရပ်များတွင် တရုတ်အနေဖြင့် မူဝါဒများကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်များရနေဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က တရုတ်သံတမန်အား ပြောကြား




တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား အချို့နယ်စပ်ဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် မူဝါဒများနှင့် ကန့်သတ်ချက်များကို ကျော်လွန်ပြီး အောက်ခြေအဆင့် လုပ်ပိုင်ခွင့်များ ရနေကြောင်း တပ်မတော်ကာကွယ်
ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ အထူး ကိုယ်စားလှယ် ဖြစ်သူ မစ္စတာ ၀မ် ယင်ဖန်နှင့် တွေ့ဆုံရာတွင် ပြောသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာ ၀မ်ယင်ဖန်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော်တွင် တပ်မ
တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ နယ်စပ်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများလည်း ရှိနေပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့်
ပြည်သူများ ကြားညှပ်ပြီး ဒုက္ခခံစားရမှုများ မဖြစ်စေလိုကြောင်းနှင့် အဆိုပါပြသနာများကြောင့် ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ လျှောက်လမ်းရာတွင် ရှေ့သုံးလမ်းတိုးရန် လုပ်ဆောင်သော်လည်း တလှမ်းခန့်သာ လှမ်းနိုင်သည့် အခြေနေမျိုး ဖြစ်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပြောသည်။

များမကြာမှီကာလများအတွင်း တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား တိုက်ရိုက် အနေဖြင့် နယ်စပ်ပြသနာများ
ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ကချင်ပြည်နယ်အတွင်း တရားမ၀င်သစ်ထုတ်လုပ်နေသော တရုတ်နိုင်ငံသား များအား ဖမ်းဆီးမှုမှ စတင်ကာ သံတမန်ရေးရာအရ တရုတ်နိုင်ငံဘက်မှ ဖိအားပေးမှုများ ရှိလာခဲ့သည်။

မြန်မာနှင့် တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ခန့်ရှိနေပြီး ကေ အိုင်အို ၊ တအာင်းအမျိုးသား လွတ်မြော်ကရေးတပ်မတော် ၊ ကိုးကန့်စသည့်အဖွဲ့များနှင့် တပ်မတော်တို့ အကြား တိုက်ပွဲများမှာ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

ယင်းအပြင် နယ်စပ်များမှတဆင့် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှု ၊ သစ် နှင့် သတ္တု တွင်းထွက်များအပါဝင် အဖိုးတန်ပစ္စည်းများအထိ တရားမ၀င်ရောင်းဝယ် ဖောက်ကားမှုများ ရှိနေကြောင်း လည်း သိရသည်.။

များမကြာမှီက ဖော်ပြခဲ့သော သုတေသန စစ်တမ်းတရပ်၏ အဆိုအရ တရုတ်နိုင်ငံအတွင်း ၀င်ရော်ကနေ သည့် သစ်များ၏ ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထား သည်။

မြန်မာနိုင်ငံ၏ ပထ၀ီအနေထားအရ နိုင်ငံကြီးများအကြား အားပြိုင်မှုများ ရင်ဆိုင်နေရခြင်းသည်လည်း စိန်ခေါ်မှု တရပ်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုသည်။‘တရုတ်ရဲ့ရှီကျင် ပင်လက်ထက် မူဝါဒက အတတ်နိုင်ဆုံး နိုင်ငံတကာ ဆက်ဆံရေးမှာ ကောင်းမွန်အောင် ကြိုးစားနေတဲ့ အချက်တွေတော့ တွေ့ရတယ်။ မြန်မာအနေနဲ့ နိုင်ငံကြီးတွေအကြားမှာ အဆင်ပြေအောင် နေနေရတယ် ဆိုတာလည်း သူတို့ သဘောပေါက်တယ်။အရင်ကဆို ဥပမာ အာဏာရှိတဲ့ မြန်မာအစိုးရ တာဝန်ရှိသူ တယောက် နှစ်ယောက်နဲ့ပေါင်း ပြီးရင် လုပ်ပိုင်ခွင့်တွေ ၀င်လုပ်ဒီအဆင့်ကနေ ကျော်လွန်အောင်ကြိုးစား
နေတာတွေ့ရတယ်။ အခုတော့ ဒီလိုလုပ်လို့ မရတော့လို့ မူပြောင်းလာပြီ။

ဒီလိုပါပဲ အရင်က မြန်မာမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း သူတို့ သ
ဘောထားပြောင်းလာခဲ့ပါပြိ။ အရင်ကဆို ဒီအဖွဲ့တွေကို အကြမ်းဖက် အဖွဲ့စည်းတွေဆိုတဲ့ သဘောမျိုး
လောက်ပဲ သဘောထားတာ။ ကချင်ဒုက္ခသည်အရေးတွေ အကူညီပေးတာကအစကြည့်ရင်သိနိုင်တယ်။ တချို့ပြသနာတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ပြီးမှ ရှင်းရမဲ့ ပြသနာတွေ ဖြစ်ပါတယ်။ တလောက ဖြစ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် သစ်ကိစ္စတို့ ဘာတို့က မြန်မာအောက်ခြေ အာဏာပိုငတွေရဲ့ ခြ စားမှု ပြသနာပါ ‘ဟု တရုတ်မြန်မာ နယ်စပ်အရေး လေ့လာသူ တဦးက ဖလားဝါး နယူးစ်သို့ ပြောသည်။
‪‎
စိုင်းထွန်းအောင်လွင် | TheFlowerNews‬

မှတ်ချက်များ