အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ နေထိုင်တဲ့ အသက်(၂၇) နှစ်အရွယ်ရှိ ဗီရိုနီကာ ဟာနန်ဒက်ဇ်ဟာ ကိုယ်ဝန်ဆောင် ထားစဉ်မှာ ထူးခြားတဲ့ ပြကွက် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါ ကတော့ (၁၄) လက်မရှိတဲ့ ဓားကို မျိုချပြခဲ့ခြင်း ဖြစ်ပါတယ်။ တကယ့်ကို စွန့်စားလွန်းရာ ရောက်တဲ့ ပြကွက် တစ်ခု ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ဟာ ကိုယ်ဝန်လွယ် ထားတာ ကိုးလ အရွယ်ရှိ နေပြီ ဖြစ်ပြီး၊ မွေးဖွားဖို့ နီးကပ်တဲ့ အချိန်မှာ ဓားမျိုချတဲ့ပြကွက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ဒီလိုမျိုး လုပ်နိုင်ဖို့ နှစ်နှစ်ခွဲကျော် လေ့ ကြားခဲ့ ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ဓားမျိုချတဲ့ ပြကွက်ကို အတွေ့အကြုံရှိသူထံ ကနေ သင်ယူ ထားခြင်း ဖြစ်ပါတယ်။နှလုံးနဲ့အဆုတ်ကြားထဲ ရောက်အောင် ပြုလုပ်ရခြင်း ဖြစ်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နိုင်
လို့ လုပ်နိုင်ခြင်း ဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ဟာ ပထမ ရင်သွေး လွယ်ထားတဲ့ အချိန်မှာ ဒီပြကွက်ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး မပြုလုပ်မီမှာ ဆရာဝန်နဲ့ တိုင်ပင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ (၂၈)ရက်မှာ ကမ္ဘာ့ ဓားမျိုချတဲ့ အထိမ်း အမှတ်နေ့ကို ဂုဏ်ပြုသော အားဖြင့် ဟာနန်ဒက်ဇ်က အခုလို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ဓားမျို ချခြင်းပြ ကွက်ဟာ ရှေးနှစ်ပေါင်း များစွာ ကတည်းကရှိခဲ့တာ ဖြစ်ပြီး အန္တရာယ် များပေမယ့် လေ့လာ လိုက်စား သူတွေ အများအပြား ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ အချို့ဆိုရင် အလွန်ရှည်လျားတဲ့ ဓားရှည်တွေကို မျိုချပြပြီး စံချိန်သစ်တွေ တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
Messenger

မှတ်ချက်များ