လက်မထပ်ပါနဲ့


အတူနေချင်လို့ဆိုပြီး လက်မထပ်ပါနဲ့၊အရွယ်ရောက်လာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မထပ်ပါနဲ့၊
အသက်ကြီးလာလို့ လက်မထပ်ပါနဲ့၊အထီးကျန်လို့ဆိုပြီး လက်မထပ်ပါနဲ့၊ကိုယ့်ကို ငွေရေးကြေးရေး အထောက် အကူပေးနိုင်ဖို့ လက်မထပ်ပါနဲ့၊မှားယွင်းစွာ ရလာတဲ့ကလေးအတွက်လက်မထပ်ပါနဲ့၊

သူ့ကို မဆုံးရှုံးချင်လို့ဆိုပြီး လက်မထပ်ပါနဲ့၊မိသားစုဖိအားတွေကြောင့် လက်မထပ်ပါနဲ့၊
လက်ထပ်တဲ့အတွေးအခေါ်ကို နှစ်ခြိုက်လို့ လက်မထပ်ပါနဲ့၊ကိုယ်မြင်တွေ့နေရတဲ့ လက်ထပ်ဂါဝန်လှလှလေးတွေ ၀တ်ချင်လို့ လက်မထပ်ပါနဲ့၊သူငယ်ချင်းတွေအားလုံး အိမ်ထောင်ပြုကုန်လို့ ကိုယ်လက်မထပ်ပါနဲ့၊

ဒါပေမယ့်…
လက်ထပ်ပါ…
ကိုယ်သူ့ကို မြတ်မြတ်နိုးနိုးချစ်နေလို့ လက်ထပ်ပါ၊
သူ ဒါမှမဟုတ် သူမက ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်း၊ မိတ်ဆွေဖြစ်နေလို့ လက်ထပ်ပါ၊
ဘာလို့လဲဆိုတော့ အဲဒီအချစ်တွေ ပျက်ပြယ်ခဲ့ရင်တောင်…
သူ ဒါမှမဟုတ် သူမက ကိုယ့်ကိုပြုံးစေနိုင်လို့ပါပဲ…

အညတရ

မှတ်ချက်များ