ကမ္ဘာ့အလှဆုံးအလှမယ် ၁၂ဦးစာရင်း ၀င်နေတဲ့ ဟန်သီနဲ့ အိန်ဂျယ်လမုံ
ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်Beauties Concept က ရွေးချယ်လိုက်သည့် ၂၀၁၄အ တွက် ကမ္ဘာ့အ လှမယ်ပြိုင်ပွဲများမှ အလှဆုံး၁၂ဦးကို ထပ်မံရွေးချယ် ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်နှစ် ဦးဆက်လက် ပါဝင်နေကြောင်း သတင်းရရှိသည်။
‘‘Beauties Conceptကရွေး ပေးတဲ့အလှမယ် ၁၂ယောက်မှာ ဟန်သီနဲ့ အိန်ဂျယ်လမုံတို့ နှစ် ယောက်ဆက်
ပြီး အရွေးခံရပါ တယ်။ The Ideal Beautyကရွေး တဲ့ နှစ်ယောက်မှာ ဟန်သီနဲ့ အိန် ဂျယ်လမုံတို့နှစ်
ယောက် ဆက်မပါတော့ဘူးလို့ သိရပါတယ်’’ ဟု Miss Golden Land Myanmar အဖွဲ့အစည်း အမှုဆောင် အရာရှိချုပ် ကိုဝေယံအောင်ကပြော သည်။
ဟန်သီနှင့် အိန်ဂျယ်လမုံတို့အား မဲပေးလိုသူများသည် http://www.facebook.com/Beauti-es Concept BC တွင် တင်ထား သည့် ဓာတ်ပုံကို Likeပြုလုပ်၍ မဲ ပေးနိုင်မည်ဖြစ်သည်။
Beauties Concept၀က်ဘ် ဆိုက်မှ ရွေးချယ်ထားသည့်အလှ မယ် ၁၂ဦးအနက် မဲအရေအတွက်အများ ဆုံးရရှိသည့် အလှမယ်သည် ထပ်မံရွေးချယ်မည့် ခြောက်ဦးစာ ရင်းတွင်ဆက်လက် ပါဝင်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာအ လှမယ်ဟန်သီက မဲအရေအတွက် အများဆုံးရရှိထားသည်။
ပြီးခဲ့သည့်နှစ်က Miss Supr anational Myanmar 2013 ခင် ၀င့်ဝါသည် Beauties Concept ၀က်ဘ် ဆိုက်က ရွေးချယ်သည့် ကမ္ဘာ့အလှဆုံးအလှမယ် ၂၅ဦး စာရင်းအထိပါဝင်ခဲ့ဖူးသည်။
ဇွဲဥာဏ် | 7 Day

မှတ်ချက်များ