ခန္ဓာကိုယ်ခွဲစိပ်ပြု ပြင်မှုလုပ်လို့ အသက်ဆုံးရှုံးရမလို ဖြစ်ခဲ့တဲ့ ဘရာဇီးအလှမယ်


ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ Miss Bum-Bum ပြိုင်ပွဲဒုတိယဆုရတဲ့ အလှမယ် Urach က သူ့ရဲ့ခန္ဓာကိုယ်ကို ခွဲစိပ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အသက်ဆုံးရှုံးရခါနီးအထိ အန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း ဝန်ခံလိုက်ပါ တယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့သူမဟာ မော်ဒယ်တစ်ယောက်အဖြစ်၊ ရုပ်သံစတားတစ်ယောက် အဖြစ် စတဲ့ လုပ်ငန်းတွေနဲ့ အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။

‘‘ ကျွန်မ ခွဲစိပ်ပြုပြင်မှု ဆယ်ခါထက်မနည်း လုပ်ဖူးတယ်။ နှာခေါင်း၊ ပါးရိုး၊ မေးရိုး တွေလှဖို့အတွက် ပြုပြင်မှု ခံယူခဲ့ဖူးတယ်။ နှုတ်ခမ်းအတွက် စိုပြီးလှနေဖို့ ဆေးရည်ခဏခဏသွင်းဖူးတယ်။ ရင်သားကိုလည်း နှစ်ကြိမ် ခွဲစိပ် ပြုပြင်ခဲ့တယ်’’ လို့သူမက ပြောပါတယ်။ သူမဟာ ၂၀၁၂ အလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ အလှ မယ်ဖြစ်ပြီး Miss Bum-Mum လို့လူသိများတဲ့ အဲဒီပြိုင်ပွဲဟာ မော်ဒယ်တွေရဲ့ ခန္ဓာကိုယ်အနောက်ပိုင်း အလှ ကို အဓိကထား အမှတ်ပေးတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

၂၀၁၄ နိုဝင်ဘာလမှာ Urach ဟာဆေးရုံတက်ခဲ့ရပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ ကြွက်သား ကြီးထွားဆေးတွေ များပြားနေတာကြောင့် သူမရဲ့ခြေထောက်ထဲကို ဆေးရည်ထိုးသွင်းပြီး ကုသမှု ခံယူခဲ့ရ ပါတယ်။ ဒါပေမယ့်လည်း နောက်နှစ်ပတ်အကြာမှာ ခြေထောက်က ယောင်ရမ်းပြီး အနာဖြစ်ကာ ပြည်တည် လာခဲ့တာပါတယ်။ နောက်ထပ် နှစ်လလောက်ကြာတဲ့အထိ ကုသမှုကို ဆက်တိုက်ခံယူနေခဲ့ရသူ လည်းဖြစ် ပါတယ်။ ‘‘စူပါမားကတ်ကို ခဏခဏသွားသလိုမျိုး ခွဲစိပ်ပြုပြင်တာကို ကျွန်မလုပ်ခဲ့ပါတယ်။ ခါးသေးချင်လို့ အရိုးလည်းထုတ်ဖူးတယ်။ ဖိနပ်ဆိုဒ် သေးသေး စီးချင်လု့ ခြေချောင်းတွေကိုလည်း ဖြတ်ဖူးတယ်’’ လို့ အလှ မယ် Urach ကပြောပါတယ်။

‘‘ ဒီလိုဒဏ်ရာအနာတရဖြစ်တာတွေနဲ့ ကျွန်မရဲ့ ဖြစ်စဉ်ကတဆင့် အမျိုးသမီးတွေ သင်ခန်းစာ ယူနိုင်ကြမယ် လို့ မျှော်လင့်ပါတယ်။ ဒီလိုလုပ်ရင် လိုတာထပ်ပိုပြီး စွန့်စားရလေ့ရှိပါတယ်။ အကန့်အသတ်ရှိတဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားကြဖို့ လိုပါတယ်’’ လို့ သင်ခန်းစာရသွားတဲ့ အလှမယ်က ပြောပါတယ်။

Planet

မှတ်ချက်များ