ဝတ်လစ်စလစ်ဖြင့် ဓါတ်ပုံရိုက်ခဲ့သော ဂျနီဖာလောရင့်စ်


မကြာသေးခင်လတွေ အတွင်းမှာ ဟောလိဝုဒ်က အော်စကာဆုရ မင်းသမီး ဂျနီဖာလောရင့်စ်ရဲ့ ၀တ်လစ် စလစ် ဓါတ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဂျနီဖာဟာ ဟောလိဝုဒ်မှာ ရှာမှရှားတဲ့ မင်းသမီးတလက် လို့ အပြောခံရတာကတော့ သူမရဲ့ဟာသဥာဏ်ရှိမှုနဲ့ ကင်မရာ၊ရုပ်သံတွေမှာ ရုပ်ဆိုးမှာ မကြောက်ဘဲ ရဲရဲ ရင့်ရင့် ထင်သလို သရုပ်ဆောင်တတ်တဲ့ ပုံစံတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဟတ်ကာတွေက ဂျနီဖာရဲ့ အပြာဆန်တဲ့ ဓါတ်ပုံတွေကို ဖွင့်ချခဲ့ပေမယ့် သူမရဲ့ ကျော်ကြားမှု ပုံရိပ်ကတော့ အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်က ဂျနီဖာဟာ မထင်မှတ်ဘဲ ၀တ်လစ်စလစ် ဓါတ်ပုံတစ်ပုံ ရိုက်ကူးခဲ့တာမို့ သူမရဲ့ ပရိသတ်တွေအတွက် အံ့သြစရာ ဖြစ်ခဲ့ပါတယ်။

ဂျနီဖာဟာ ၁၉၈၁ တုန်းက ဂျာမန်မင်းသမီးနဲ့ မော်ဒယ် နာစတက်ဂျာကင်စကီ ရိုက်ကူးခဲ့တဲ့ ပုံစံအတိုင်း ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း မင်းသမီးနာစတက်ဂျာက စပါးကြီးမြွှေ တစ်ကောင်ကို ရဲရဲရင့်ရင့် ဖက်တွယ်ပြီး ဓါတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဂျနီဖာရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံသစ် ဟာ သူမအပေါ် အရှက်ခွဲတဲ့ ဟတ်ကာတွေကို မမှုကြောင်း တုံ့ပြန်လိုက်တာမျိုး ဖြစ်နေသလို သူမရဲ့အလှ တရားနဲ့ သတ္တိရှိမှုကိုလည်း ပြသရာ ရောက်ခဲ့ပါတယ်။

မြွေတွေကို အသုံးပြုပြီး ဓါတ်ပုံအရိုက်ခံခဲ့တာ ဂျနီဖာနဲ့ နာစတက်ဂျာတို့တင်မကဘဲ အဆိုတော် ရီဟာနားနဲ့ ဘရစ်တနေ စပီးယားတို့လိုသူတွေလည်း လုပ်ပြခဲ့ဖူးပါတယ်။ ဂျနီဖာကို Vanity Fair အစီအစဉ်အတွက် ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ရာမှာ ဆံပင်အပါအ၀င် အားလုံးကို ပြင်ဆင်ပေးခဲ့တဲ့ ဒီဇိုင်နာ ဂျက် ဆီကာ ဒီဟောကတော့ " သူမက ခွန်အား၊လိင်ပိုင်းဆိုင်ရာ၊ ဟာသဥာဏ် နဲ့ တခြားအရာအားလုံးကို ကိုယ်စားပြုနိုင် ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Planet

မှတ်ချက်များ