၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့ ခြောက်ခြားဖွယ်ရာ ယုံကြည်မှုဇာတ်လမ်း
ရုပ်ရှင်တွေထဲမှာပဲ ကြုံတွေ့ရတက်တဲ့ ခြောက်ခြားစရာမှုခင်းတစ်ခု အမေရိကန်မှာ ဖြစ်ပွားခဲ့ပါတယ်။ ၁၂
နှစ်အရွယ်သာရှိသေးတယ် မိန်းကလေးနှစ်ဦးဟာ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူကို ဓါးနဲ့ ၁၉ ချက်အထိ ထိုးခဲ့ တယ်လို့ သံသယရှိတဲ့ တရားခံတွေဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ သူမတို့နှစ်ဦးရဲ့ သူငယ်ချင်းဟာ အ သက်ရှင်ကျန်ရစ်ပြီး ဆိုးရွားတဲ့ဒဏ်ရာ မရခဲ့ပါဘူး။
သံသယတရားခံမိန်းကလေးနှစ်ဦးဟာ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တဲ့ Slender Man ဟာအပြင်မှာ တကယ် ရှိတယ်လို့ ယုံကြည်နေကြသူတွေလည်းဖြစ်နေပါတယ်။ တရားရုံးကတော့ စိတ်ရောဂါဖြစ်နေတယ်လို့ ယူဆ ရတဲ့ Morgan Geyser ကို ဆေးကုသမှုခံယူဖို့ ယမန်နေ့ကပဲ အချုပ်အနှောင်က လွှတ်ပေးလိုက်ပါတယ်။ Morgan Geyser ဆိုသူ ကလေးမလေးရဲ့ ပုံဆွဲစာအုပ်ထဲမှာ ခြောက်ခြားဖွယ်ရာကောင်းတဲ့ ပုံတွေ ရေးဆွဲ ထားတယ်ဆိုတာကို တရားရုံးကြားနာမှုမှာ လူသိရှင်ကြားဖော်ပြခဲ့ကြပါတယ်။
သေဆုံးသွားတဲ့ မိန်းကလေးငယ်တစ်ယောက်ဘေးမှာ တံစဉ်ကိုင်ထားတဲ့ မိန်းကလေးတစ်ဦးက ‘‘ လူတွေ ကို သတ်ရတာကြိုက်တယ်’’ ဆိုတာစာသားထည့်သွင်းထားတဲ့ ကာတွန်းမျိုးကို Geyser ကရေးဆွဲထားတာ
ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့ စာတွေနဲ့ ကာတွန်းပုံတွေအရ ဒီမိန်းကလေးငယ်ဟာ Slender Man ဇာတ်လမ်းကို ယုံကြည်ယူတစ်ယောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Geyser ဟာ အရွယ်ရောက် ပြီးသား တရားခံတစ်ယောက်လို တရားရုံးမှာ အစစ်ခံရဖို့ဆိုတာ မမျှတဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Slender Man ဆိုတဲ့စိတ်ကူးယဉ်ဇာတ်လမ်းဟာ အမေရိကမှာ နာမည်ကြီး ထိတ်လန့်သည်းဖို ဇာတ်လမ်း
ဖြစ်ပါတယ်။ Slender Man ဆိုတဲ့ အရပ်ရှည်ရှည်၊ မျက်နှာပြောင်နဲ့ လူကိုတွေ့ရတဲ့သူဟာ အန္တရာယ် ကျိန်းသေကြုံရတယ်ဆိုပြီး လူသိများပါတယ်။
Gerser အပါအဝင် ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ သူမတို့သူငယ်ချင်းနှစ်ဦးဟာ သာမန်အရွယ်ရောက်ပြီး သား သူတွေအနေနဲ့ ဒီအမှုကိုစစ်ဆေးပြီး အပြစ်ရှိတာ ထင်ရှားတယ်ဆိုရင် ထောင်ဒဏ်နှစ် ၆၀ လောက် အထိ ကျနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။ Geyser ဟာ ‘‘ လိုအပ်သော အရာများ’’ ဆိုတဲ့ စာရင်းတစ်ခုကိုလည်း စာအုပ်ထဲမှာ ရေးသားထားပါသေးတယ်။ သစ်တောမြေပုံတစ်ခုနဲ့ လက်နက်(မီးဖိုချောင်သုံးဓါး) တွေကို စာရင်းပြုစုထားတာ တွေ့လိုက်ရပါတယ်။
Geyser နဲ့ သူမသူငယ်ချင်းဖြစ်သူ Weier တို့က သူငယ်ချင်း Leutner ကို မွေးနေ့ပွဲလာခဲ့ပါလို့ ဖိတ်ကြားခဲ့ ပြီး တောအုပ်ထဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ဓါးနဲ့ ၁၉ ထိုးတဲ့ဒဏ်ရာတွေ့ရပေမယ့် Leutner ဟာ သင်ပင်
တွေကြားထဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၄ မေလမှာ ဖြစ်ခဲ့တာပါ။
Planet

မှတ်ချက်များ