ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့်ပွဲမှာ သီချင်းဆို ဖျော်ဖြေမယ့် နန်းခင်ဇေယျာ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်ဖျော် ဖြေပွဲတွင် သီချင်းများ သီဆိုဖျော် ဖြေသွားမည်ဟု နန်းခင်ဇေယျာကပြောသည်။

‘‘ဖေဖော်ဝါရီ ၁၄ ရက်ညမှာ ဖျော်ဖြေပေးမှာပါ။ လောလော ဆယ်တော့ သီချင်းသုံးပုဒ်ဆိုဖို့ ပြင်ဆင်ထား တယ်’’ဟု နန်းခင်ဇေ ယျာကပြောသည်။

သီချင်းသုံးပုဒ်တွင် ၎င်း၏ ကိုယ်ပိုင်သီချင်းအဖြစ် ဆောင်းဦး လှိုင်ရေးပေးသော လမ်းဟောင်းသီချင်းပါဝင် မည်ဟုပြောသည်။

‘‘ဒီပွဲလည်းရှိတယ်။ နောက် ပြီး ကိုရီးယားကိုလည်းသွားဖို့ရှိလို့ ကိုဆောင်းဦးလှိုင်က နန်းခင် အတွက်ရေး
ပေးထားတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ ပေါ့ပ်သီချင်းပုံစံလေးပါ’’ဟု နန်းခင်ဇေယျာကပြောသည်။

ဖျော်ဖြေပွဲများတွင်ပါဝင်ရန် ကမ်းလှမ်းခံရ၍ ကိုယ်ပိုင်သီချင်းစီစဉ်ခြင်းဖြစ်ပြီး သီချင်းသီဆိုမှုအတွက် ဥက္ကာဦး သာနှင့်ဆောင်း ဦးလှိုင်တို့က သင်ပြပေးကြောင်းသိရသည်။

ကိုရီးယားသို့ မတ်လအတွင်းသွားရောက်ဖျော်ဖြေမည်ဖြစ်ပြီး ပုလဲဝင်း၊ အေးမြတ်သူ၊ သင်ဇာ ဝင့်ကျော်၊ အိမ့်ချစ်၊ ပိုပို၊ ထွန်း ရတီတို့နှင့်အတူ သွားရောက်မည် ဖြစ်သည်။

‘‘လောလောဆယ် ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ဖျော်ဖြေပွဲ အတွက်လုပ်ဖြစ်နေတယ်။ နောက်ပြီး ဇာတ်ကား ရိုက်ကူးရေးလည်းရှိတော့ ကိုရီးယားဖျော်ဖြေရေးအတွက်က ဖေဖော်ဝါရီကုန်လောက်မှ သေချာပြင် ဆင်ဖြစ်မယ်။ အဝတ်အစားပိုင်းတွေကတော့ ပြင်ဆင်နေပြီ’’ဟု နန်းခင်ဇေယျာကပြောသည်။

ဇာတ်ကားရိုက်ကူးမှုအဖြစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် နေမင်း နှင့်ဝိညာဉ်ဇာတ်ကားရိုက်ကူးရန် ရှိသည် ဟုပြောသည်။

ဇွဲဉာဏ် | 7day

မှတ်ချက်များ