သောက်များကို လွယ် လင့်တကူ ဝယ်ယူစား
သောက်လာခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိ
သော အလေ့အထများကို တစ်စတစ်စမွေးမြူလာကြ သည်။ ထိုကဲ့သို့ပြုမူနေထိုင်မှုမျိုး ကို မြန်မာ့လူ့အဖွဲ့အစည်းတွင် ခေတ်မီလူနေမှုဖက်ရှင်တစ်မျိုးလိုကျင့်သုံးနေ သည်မှာ စိတ်မချမ်းမြေ့ဖွယ် ရာပင်ဖြစ်သည်။
မျက်မှောက်ကာလတွင် ကျေးလက်နေမြန်မာ့လူမှုအဖွဲ့အစည်းအချို့သာလျှင် ဘိုးဘွားလက်ထက်က ကျင့် သုံးခဲ့သောနေထိုင်မှုပုံစံများအတိုင်း ဆက်လက်၍ ပြုမူနေထိုင်လျက်ရှိသည်ကို ရှားပါးစွာတွေ့ရသည်။ ဟန်
ဆောင်မှုကင်းသော ကျေးလက်နေပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် နေ့စဉ်လယ် ယာနှင့် တောင်ယာများတွင် ကျွဲ၊ နွားများနှင့်အတူ လယ်ထွန်၊ ပျိုးကြဲ၊ ကောက်ရိတ်၊ ပဲသိမ်းအလုပ်များကို ဇယ်စက်သလို လုပ်နေလေ့ရှိကြသည်။
၎င်းတို့သည် လတ်ဆတ်သည့်အသီး၊ အရွက်နှင့် ငါးသေး၊ ငါးမွှားများကိုသာ ဟင်းလျာများအဖြစ်စားသုံးကြ သဖြင့်ဗီတာမင်ဓာတ် ပြည့်စုံစွာရရှိလျက်ရှိကြသည်။ ထို့အပြင် ၎င်းတို့သည် နေ့စဉ်မိုးလင်း၊ မိုးချုပ် တကုပ် ကုပ် အလုပ်လုပ်နေရသဖြင့် ကျန်းမာရေးအထောက်အကူပြု ကိုယ်လက်လှုပ်ရှားမှုများကို သီးခြားအချိန်ပေး လုပ်ရန်မလိုဘဲ အကျိုးကျေးဇူးများစွာ ရရှိခံစားလျက်ရှိကြသည်။
ထို့ကြောင့် ကျေးလက်နေပြည်သူအများစုသည် နှာစေး၊ ချောင်းဆိုး၊ အအေးပတ်၊ အပူလျှပ်စသည့် ရောဂါအ ချို့သာတစ်ခါတစ်ရံဖြစ်ရုံမှအပ ခေတ်မီဆေးဝါးများမတိုးသည့်ထူးထူးဆန်းဆန်းရောဂါများ ဖြစ်ပွားမှုမရှိ သလောက်ပင်ဖြစ်သည်။ သာဓကအနေဖြင့်တင်ပြရလျှင် အညာကျေးလက်ရှိ စာရေးသူ၏ မိဘများဖြစ်ကြသ ည့် ဖခင်သည်အသက် ၈ဝ နှစ်ကျော်ပြီး မိခင်သည် ၇ဝ နှစ်ကျော်ဖြစ်သော်လည်း လက်ရှိအချိန်ထိ ကျန်းမာ
ပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပါသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးသည် ဘဝတစ်လျှောက်လုံး ပြင်းထန်သည့်ရောဂါများ ခံစားခဲ့ရခြင်းမရှိသည်မှာကျန်း မာရေးနှင့်ညီညွတ်သော ကျေးလက်နေထိုင်မှုပုံစံများ ကြောင့်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ ထို့အပြင် လက်ရှိအချိန်အထိ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက် ရှိသည့်အပြင်သား၊ သမီးများကိုပါ မမောမပန်း ဆုံးမပဲ့ပြင်လျက်ရှိသော မိဘနှစ်ပါး၏ ကြီးမားသော ကျေးဇူးတရားများသည် ဆပ်၍ပင်မကုန်ဖြစ်နေပါသည်။
သို့သော် စာရေးသူသည် အသက် ၄ဝ ကျော်သာရှိသော်လည်း မိဘများတွင် မဖြစ်ဖူးသည့် အသည်းအဆီ ဖုံးခြင်းနှင့် သွေးအတွင်း ကိုယ်လက်စထရောများခြင်း ကဲ့သို့သော ထူးဆန်းသည့်ရောဂါ လက္ခဏာများအား စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိခံစားလာရပါသည်။ ပြဿနာများ၏ အရင်းအမြစ်ကိုဆန်းစစ်ကြည့်ရာတွင်အဖြေမှာ နေထိုင်မှုပုံစံကြောင့်ဖြစ်သည်ကိုဖ်ာထုတ်တွေ့ရှိလာပါသည်။
ရောဂါလက္ခဏာများတွေ့ရှိ လာရခြင်း၏ အဓိကအကြောင်းအရင်းသည် အထိုင်များခြင်း၊ အဆီအဆိမ့်များသော အစားအသောက်များကို စားသောက်ခြင်း ကြောင့်ဖြစ်သည်။ အမျိုးသားဝန်ထမ်းတစ်ဦး ဖြစ်နေသောကြောင့် ဘီယာကိုလောကဝတ် (Etiquettee) အရ သောက်ရသည့် အခြေအနေမျိုးရှိကောင်း ရှိနိုင်သော်လည်း အရက်၊ဆေးလိပ်နှင့်ကွမ်းယာတို့ကိုမူလုံးဝရှောင်ကြဉ်ထားပါသည်။ ဆေးလိပ်သောက်ခြင်းကိုမည်သို့ပင်
ရှောင်ကြဉ်နေစေကာမူတစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူ(Second Smoker)
တစ်ဦးဖြစ်နေသည်မှာ ဝန်ထမ်းလုပ်သက်နှင်အမျှပင် ဖြစ်သည်။ ကိုယ်စီအခြေခံ ကျင့်ဝတ် မရှိကြသဖြင့် အခြားသူများကို ထိခိုက်နေသော သင်ခန်းစာပင်ဖြစ်သည်။
အိမ်တစ်အိမ်တွင် မိသားစုဝင်တစ်ဦး ကျန်းမာရေးချို့တဲ့နေပါက ကာယကံရှင်အပြင် ကျန်မိသားစု ဝင်များပါ သောကရောက်ရလေ့ရှိသည်။ ဒုတိယအချက်အနေဖြင့် လုပ်ငန်းခွင် ပုံမှန်မဝင်နိုင်သဖြင့် ဝင်ငွေပါထိခိုက် လာရသည်။သို့ဖြစ်၍ကျန်းမာပျော်ရွှင်သောဘဝကို ဖြတ်သန်းနိုင်ရန်သည်နထိုင်မှုပုံစံပြောင်းလဲ ကျင့် သုံး သွားရန် လိုအပ်လာပါသည်။ ထိုသို့ပြောင်းလဲကျင့်သုံးရန်သည် ကိုယ်စီကျင့်ဝတ်များအား လိုက်နာရန် လိုအပ်လျက်ရှိပြီး အထူးသဖြင့် ဆေးလိပ်သောက်သုံးသူများသည် အများပြည်သူသွားလာ နေထိုင်လေ့ ရှိသည့် ရုံးများ၊ ကျောင်းများ၊ ဆေးရုံများ၊ ကား၊ ရထား၊ သင်္ဘောများနှင့် အဝေးပြေးစခန်း စသည့်နေရာများ တွင် ရှောင်ရှား၍ သောက်သုံးသင့်ပါသည်။ ကွမ်းယာစားသုံးခြင်းသည် ပတ်ဝန်းကျင် ညစ်ပေရုံသာမက ကွမ်းယာ စားထားသူများနှင့် လုပ်ငန်းကိစ္စပြောဆိုရသည့်အခါတွင်လည်း ဆေးရွက်ကြီး အနံ့ကို ရှူရှိုက်ရ သည်မှာ လွန်စွာ ခံရခက်သော အနံ့အသက်ပင်ဖြစ်သည်။
ဇန်နဝါရီလ၁၈ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားသည့် ဆောင်းပါးရှင် ပေါက်ပေါက်
ရေးသားထားသောကျန်းမာရေးဆောင်းပါးတွင်ပါရှိသည့် စေတနာပါသောသတိပေးတိုက်တွန်းချက်များမှာ
ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်သော မှတ်သားဖွယ်ရာများပင် ဖြစ်သည်။ သာဓက အနေဖြင့် ပလတ်စတစ်နှင့်ဖော့ဘူး၊ အချိုမှုန့်နှင့် ကြက်သားမှုန့်၊အချို ရည်၊ ဂျယ်လီ၊ ကော်ဖီမစ်၊ ရောင်စုံ ဆိုးဆေးနှင့်အစားအစာ၊အသားလုံးနှင့်ကြက်အူချောင်း၊ဝက်အူချောင်း၊ရေချိုငါးပိ၊ ငါးခြောက်၊ ငံပြာရည်ဖန် တီးပြုပြင်ထားသောအသီးအနှံ များ၊ ပြန်ကြော်ဆီများ၊ အရက်၊ဆေးလိပ်နှင့်ကွမ်း ယာများသည်ကျွန်တော် တို့အမှုမဲ့ အမှတ်မဲ့ စားသုံးနေသည့် အသက်အန္တရာယ်ရှိ အဆိပ်သင့် အစားအသောက်များပင်ဖြစ်သည်။
နေ့စဉ် ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုမူနေထိုင်ပြီး အဆိပ်သင့် အစားအသောက်များကို ရှောင်ကြဉ် စားသုံး
ခြင်းသည် မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း ရောဂါဘယကင်းဝေးလာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များပါ သက်သာလာမည်ဖြစ်သည်။ထို့အပြင် ကျန်းမာရေးကောင်းမွန်သဖြင့် ကာယကံရှင် ကိုယ်တိုင် စိတ်ချမ်းမြေ့ပျော်ရွှင်မှု လက်တွေ့ခံစားရမည့်အပြင် ကုန်ထုတ်လုပ်ငန်းများတွင်လည်းအင် တိုက်အားတိုက်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် တစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှသည် တိုင်းပြည်၏ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု(Gross Domestic Product-GDP) ကိုပါ တိုးတက် လာစေ မည်ဖြစ်သည်။
ကျွန်တော်တို့အားလုံးသည် ကိုယ်စီ သက်ရှည်ကျန်းမာစေရန်အတွက် နေ့စဉ် ဘဝနေထိုင်မှုနှင့် စားသောက် မှုပုံစံများကိုစနစ်တကျစည်းကမ်းရှိစွာဖြင့် နေထိုင်ကျင့်ကြံထိန်းသိမ်းဆောင်ရွက်သွားသင့် ပါသည်။ ထိုသို့ ကိုယ်စီလိုက်နာကျင့်ကြံ ဆောင်ရွက်မှ သာလျှင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် မိသားစုများနှင့် လူမှု အဖွဲ့အစည်းကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
The Mirror Daily

မှတ်ချက်များ