ဘရာစီယာအတွင်း ဖွတ်ထားတဲ့ သေနတ်နဲ့ ကိုယ့်ကိုယ်ကို မတော်တဆ ပြန်ပစ်မိသလိုဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသမီး


အမျိုးသမီးတစ်ဦးဟာ ဘရာစီယာထဲ ထည့်ဖွတ်ထားသည့် သေနတ်နဲ့ သူမကိုယ်သူမ ပစ်မိပြီးနောက် သေ ဆုံးခဲ့တယ်လို့ မက်ဆီကန်ရဲတပ်ဖွဲ့က ဆိုပါတယ်။ Christina Bond အမည်ရှိ အသက် ၅၅ နှစ် အမျိုးသမီး ဟာ မျက်စိသေနတ် ထိမှန်တဲ့ ဒဏ်ရာတစ်ခုကြောင့် နှစ်သစ်ကူးနေ့မှာ သေဆုံးသွားခဲ့ကြောင်း Kalamazoo Gazette အရ သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေဆုံးရခြင်းအကြောင်း သိရန် အလောင်းခွဲ စိတ်စစ်ဆေးခြင်း ရလဒ်အဖြေကို စောင့်နေ တုန်းဖြစ်ပါတယ်။ သို့ပေမယ့် Bond ကို ထိမှန်သွားတဲ့ ကျည်ဆန်မှာ သူမဘရာစီယာအတွင်း သိမ်းထား တဲ့ သေနတ်ကနေ လာတာဖြစ်ကြောင်း ဆိုပါတယ်။ ယင်းသေနတ် ထိခံမှန်ခံမှု ဖြစ်ပွားတာဟာ Lake Michigan အနီးရှိ Bond နေအိမ်မှာပဲ ဖြစ်ပွားခဲ့တာပါ။ အရင်ဆုံး Lakeland Hospital ကို ခေါ်သွားပြီး Bronson Methodist ဆေးရုံကို လေယာဉ်နဲ့ ဖို့ဆောင်ခဲ့ပေမယ့် နောက်တစ်နေ့မှာတော့ အသက်ဆုံးရှုံး ခဲ့ပါတယ်။ ကလေးနှစ်ဦး မိခင်ဖြစ်တဲ့ Bond ဟာ ၂၀၀၃ Miss Michigan Figure Overall Championship ဆုကို တစ်ကြိမ် ဆွတ်ခူးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Victor | Trend Myanmar

မှတ်ချက်များ