သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့တဲ့ မုဒိမ်းကောင်ရဲ့ နေအိမ်ကို မီးရှို့လက်စားချေခဲ့တဲ့ မိခင်


လွန်ခဲ့တဲ့ ၅ နှစ်က Diena Thompson ရဲ့သမီးငယ်လေးဟာ Jared Harrell ဆိုသူရဲ့ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရပါတယ်။ ဒီဆုံးရှုံးမှုရဲ့ ခြောက်လန့်ဒဏ်ခံနေရဆဲဖြစ်တဲ့ Thompson ဟာ သမီးဖြစ်သူကို မညှာမတာ ရက်ရက်စက်စက် အဓမ္မပြုကျင့်ခံတဲ့ Harrell ရဲ့ နေအိမ်ကို မီးရှို့ခဲ့ပြီး မီးလောင်ပြာကျသွားတာကို ကျေနပ် အားရစွာ စောင့်ကြည့်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်အချိန်တုန်းက မောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ အတူ Florida ပြည်နယ် Jacksonville မှာ ကျောင်းကနေ အိမ်အပြန် လမ်းလျှောက်နေချိန်အတွင်း Harrell က သူမရဲ့သမီးကို ဖြားယောင်းခေါ်
ဆောင်တဲ့အချိန်တုန်းကဆိုရင် Somer ဟာ အသက် ၇ နှစ်သာရှိပါသေးတယ်။ သူမအလောင်းကို Georgia က ဖို့မြေတစ်နေရာမှာ ရဲတပ်ဖွဲ့က နောက်ပိုင်းမှ ရှာဖွေတွေ့ရှိခဲ့တာပါ။ အခုတော့ Harrell ဟာ တစ်သက် တစ်ကျွန်းထောင်ဒဏ်ကျခံရတော့မှာပဲ ဖြစ်ပါတယ်။

Victor | Trend Myanmar

မှတ်ချက်များ