ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် အောင်ဆန်းသူရိယနှင်းဆီအငြိမ့်အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေမည်
ဗိုလ်ချုပ် ရာပြည့်အထိမ်းအမှတ်အဖြစ် အောင် ဆန်းသူရိယနှင်းဆီအငြိမ့်ကို နှင်းဆီ အဖွဲ့သားများမှ ဖေဖော် ဝါရီ ၉ရက် နှင့် ၁ဝရက် ညများတွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အတွက် ရန်ပုံငွေရှာရန်အတွက်လည်း ရည်ရွယ်သော အဆိုပါ အငြိမ့်ကို
နှင်းဆီအဖွဲ့သားများ ဖြစ်ကြသော မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော် ဗို၊ ထွန်းထွန်း၊ ဖူးစုံ၊ မေကဗျာ၊ မိုး
ပြည့်ပြည့်မောင်၊ မိုးယုစံ၊ ဂျေးမီ၊ အိ ချောပိုတို့မှ ကပြဖျော်ဖြေမည်ဖြစ် ကာ လင်းလင်း၊ ဇင်ဝိုင်း၊ခင်ညွှန့်ရီ၊ ထွန်းအိန္ဒြာဗိုတို့မှ တေးသီချင်းများ နှင့် ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့အားလုံးက နှင်း ဆီကိုချစ်ကြတယ်။ အဲ့ဒီအတွက်လဲ မအားတဲ့ကြားကနေ အချိန်ကိုလုပြီး လုပ်ထားတဲ့ပွဲလေးပါ။ ဒီပွဲလေးကိုတစ်နှစ်ကိုတစ်ခါလောက်တော့ လုပ် ဖြစ်ပါတယ်။ ပြက်လုံးတွေကိုခေတ် ကာလအလျောက် ပြောင်းလဲထားပါ တယ်၊ ကျွန်တော်တို့ရဲ့ စကားလုံး တွေကိုထိန်းချုပ်လို့ရပေမယ့် ကျွန်
တော်တို့အတွေးတွေကို ထိန်းချုပ် လို့မရပါဘူး''ဟု ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောသည်။
အဆိုပါပွဲမှရရှိလာသည့် ငွေ များကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက် ရေးအတွက် လှူဒါန်းသွားမည် ဖြစ် ကြောင်း၊ ပွဲလက်မှတ်များကို မန်း သီရိတေးသံသွင်း၊ Nobody (ရန် ကင်းစင်တာ)၊ တော်ဝင်စင်တာ၊ Tony Tun Tun (ဇဝန Junction)၊ Royal Cafe (ပြည်သူ့ဥယျာဉ်)တို့ တွင် လက်မှတ်များကို ဝယ်ယူနိုင် ကြောင်း သိရသည်။
''အောင်ဆန်း''ရုပ်ရှင်ဖြစ်မြောက် ရေး၏ ဘဏ္ဍာရေးအဖွဲ့ဝင်ဖြစ်သော ထွန်းအိန္ဒြာဗိုမှ ''ဒီပွဲလေးက'အောင် ဆန်း'ရုပ်ရှင်အတွက် ရန်ပုံငွေပွဲလေး လဲဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ရန်ပုံငွေအများကြီးလိုအပ်နေပါတယ်၊ ပရိသတ်တွေအနေနဲ့ ငွေကြေးတတ် နိုင်တဲ့သူရော၊ ငွေကြေးမတတ်နိုင် သူတွေကအစ လှူနိုင်အောင်စီစဉ် ထားပါတယ်''ဟုပြောသည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ