နေ့ခင်းကြောင်တောင်ကြီး လမ်းမ ပေါ်မှာလိင်ဆက်ဆံခဲ့တဲ့ စုံတွဲ အဖမ်းခံခဲ့ရ


စုံတွဲတစ်တွဲ ဟာ နေ့ခင်းကြောင်တောင်ကြီး Shopping Mall တစ်ခုရဲ့ အပြင်က လမ်းမပေါ်မှာ လိင်ဆက် ဆံခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု ၊ San Diego မြို့ က ကျောင်းကပွဲ အတွက် ရောင်းချတဲ့ အ၀တ်အစားဆိုင်အ တွင်းမှာ ဆယ်ကျော်သက်များစွာဟာ သူတို့ရဲ့ မိဘတွေနဲ့ ဈေးယ်ထွက်နေချိန် ဆိုင်အပြင်ဘက် လမ်းမမှာ အခုလို ဖြစ်ပွားတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Christina လို့အမည်ရတဲ့ ထို ကျောင်းကပွဲ အ၀တ်အစားဆိုင်ရဲ့ ပိုင်ရှင် Christy Peterson ရဲ့ ပြောကြား ချက်အရ ထိုစုံတွဲဟာ လမ်းမပေါ်ပစ်လှဲကာ ကြမ်းပြင်ပေါ်မှာ လှိမ့်နေကြပြီး လိင်ဆက်ဆံနေကြတယ်လို့ သိရပါတယ်။

သူတို့ ၂ ယောက်ဟာ ၁၅ မိနစ်ခန့် လှိမ့်နေကြပြီးတဲ့နောက်မှာမှ အမျိုးသားက သူ့ရဲ့ အကျီင်္တွေကို ချွတ်ခဲ့ တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ရဲဝန်ထမ်းတွေ ရောက်ရှိလာချိန်မှာတော့ သူတို့ ၂ ယောက် ဟာ ဖက်အိပ်နေတဲ့ ပုံစံဖြစ်နေတယ်လို့ သိရပါတယ်။

ထိုစုံတွဲကို လက်ထိပ်ခတ်ကာ ဖမ်းဆီးခဲ့ပြီး အမျိုးသားကတော့ အသက် ၂၁ နှစ်ခန့်ရှိတယ်လို့ သိရတဲ့အပြင် အမျိုးသမီးကတော့ အသက် ၃၇ နှစ်ခန့် ရှိနေပါပြီတဲ့။

Trend Myanmar



မှတ်ချက်များ