လောက်ကိုင်တွင် အပြစ်မဲ့အရပ်သားများ ပစ်သတ်ခံရဟု ဆို


မြန်မာအစိုးရ၏ စစ်တပ်မှ ပြန်လည်သိမ်းယူပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် လောက်ကိုင်ဒေသတွင် အရပ်သားအများအပြား ကို မြန်မာစစ်တပ်မှ ပစ်သတ်လျက်ရှိသည်ဟု တရုတ်နိုင်ငံမှ လာသော သတင်းများ က ဆိုသည်။

ကိုးကန့်ဒေသခံတို့သည် ပုဒ်မ ၁၄၄ ကို နားမလည်ခြင်း၊ မြန်မာစစ်တပ်မှ ထုတ်ပြန်ချက်များကို မသိရှိခြင်းတို့
ကြောင့် တရုတ်နယ်စပ်ဂိတ်သို့ သွားရာ လောက်ကိုင်လမ်းမပေါ်တွင်ပင် ခေါင်းသို့ သေနတ်ဖြင့် ပစ်သတ်ခံ ရခြင်း ဖြစ်ကြောင်း ယူနန်နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး မြန်မာအစိုးရဘက်မှ ရဟတ်ယာဉ်များ
ဖြင့်ပစ်ခတ်မှုများ ရှိနေကြောင်း အဆိုပါသတင်းစာက ဖော်ပြထားသည်။

The Ladies News Journal

မှတ်ချက်များ