ဆော်ဒီဘုရင်သစ် လက်ထက်တွင် ၅ ဦးမြောက် ခေါင်းဖြတ် စီရင်

ဆော်ဒီအာရေဗီးယားနိုင်ငံက လူသတ်မှု ကျူးလွန်သူတ ဦးကို ဇန်န၀ါရီ ၁ ရက်နေ့က ခေါင်းဖြတ် စီရင်လိုက် ပါတယ်။

ဒီအတွက် ဇန်န၀ါရီ ၂၃ ရက်နေ့ကနေ စတင် ဘုရင်ဖြစ် လာတဲ့ ဆာလ်မန် လက်ထက်မှာ၅ဦးမြောက်ခေါင်းဖြတ်
 စီရင်ခံရသူ ဖြစ်လာတယ်လို့ အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။

စကားများပြီး တခြားလူတဦးကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အတွက် အဗ္ဗဒယ်ရာမန် အယ်လ် ဂျာနီကို မက် ဒီနာမြို့မှာ သေဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ တရားမျှတမှုကို တန်ဖိုးထားဖို့ အစိုးရရဲ့ ခံယူချက်ဟာ ဒီသေဒဏ် ပြစ်ဒဏ်မှာ ထင်ဟပ်နေတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း နိုင်ငံခြားသားနဲ့ ဒေသခံ ၁၇ ဦး ခေါင်းဖြတ် စီရင်ချက်ချမှတ်ခံရတယ်လို့ အေအက်ဖ်ပီက မှတ် တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

အရင်ဘုရင် အဗ္ဗဒူလာ လက်ထက်မှာတော့ ၂၀၁၀ နောက်ပိုင်း နှစ်စဉ် လူ ၈၀ နီးပါး ခေါင်းဖြတ် စီရင်ခံရသ လို မနှစ်က ၈၇ ဦး ခေါင်းဖြတ်အသတ်ခံရပါတယ်။

DVB

မှတ်ချက်များ