အမျိုးသမီး ၂၉ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၅၃၅ နှစ်ချမှတ်


တောင်အာဖရိ နိုင်ငံမှ တရားရုံး တစ်ရုံးသည် အမျိုးသမီး ၂၉ ဦးကို အဓမ္မ ပြုကျင့်ခဲ့သည့် အမျိုးသား တစ်ဦး ကို ထောင်ဒဏ် ၁၅၃၅ နှစ် ချမှတ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

အသက် ၃၅ နှစ်အရွယ် အဲလ်ဘတ်မိုရာကေ အမည်ရှိ အမျိုးသားသည် အဆိုပါ ပြစ်မှုများကို ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး တရားရုံးက ၄င်းကို ဓားပြမှု၊ ပြန်ပေးဆွဲမှု နှင့် လူသတ်ရန် ကြံ စည် အားထုတ်မှု အပါအဝင် အခြားပြစ်မှု ၁၄၄ မှုဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း The Times နေ့ စဉ်ထုတ် သတင်းစာ တွင် ဖော်ပြ ထားသည်။

မိုရာကေ သည် အမျိုးသမီး များကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ရာတွင် သေနတ်ကို အသုံးပြု ခဲ့ပြီး ၄င်း ကျူး လွန်ခဲ့သည့် ပြစ်မှုများ အတွက် နောင်တ ရရှိသည်ကို ပြသခဲ့ခြင်း မရှိကြောင်း၊ ထို့ပြင် အနိုင်ကျင့် ခံရသည့် အမျိုးသမီး များကို နောင်တွင် ယင်းသို့ အဓမ္မ ပြုကျင့်ခြင်း မခံရအောင် မည်သို့ ကာကွယ် ရမည်နှင့် စပ်လျဉ်း ၍ လည်း မောက်မာစွာဖြင့် ပြောဆို ဆက်ဆံ ခဲ့ကြောင်း တရားသူကြီး ရီယန်စတရိုင်ဒန် က ပြောကြား ခဲ့သည်။

တောင်အာဖရိက နိုင်ငံ၏ ဥပဒေ အရ မိုရာကေ သည် ထောင်ဒဏ် ၂၅ နှစ်ကျခံပြီး မှသာ အာမခံ လျှောက် ထား နိုင်မည် ဖြစ်ကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ