တရုတ် ကမ္ဘာ့လှည့် ခရီးသွားတွေကြောင့် ထိုင်းနိုင်ငံသားတွေပာာ အလွန် စိတ်ပျက် နေကြကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံပာာ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ အရှေ့တောင် အာရှဒေသတွေကို စံချိန်တင် လာရောက် လည်ပတ် ခဲ့ကြပါတယ်။
ဒါပေမဲ့ တရုတ် ခရီးသွားတွေရဲ အပြုအမူပာာ လက်ခံနိုင်စရာ မရှိအောင် ဖြစ်ခဲ့လို့ တင်းကျပ်စွာ ကိုင်တွယ် သွားဖို့ ထိုင်းအစိုးရ တာဝန် ရှိသူတွေ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ရန်ဖြစ်ခြင်း၊ လေ ဆိပ်နား နေရာမှာ အောက်ခံ ဘောင်းဘီတွေကို ထုတ်လှန်းခြင်း၊ လူမြင်ကွင်းတွေမှာ မစင်စွန့်ခြင်း စတာတွေကြောင့် ထိုင်းနိုင်ငံသားတွေဟာ အလွန် စိတ်ပျက်နေကြခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် တစ်ခုကလည်း လက်ခံနိုင်စရာ မရှိအောင် ဆိုးဝါးလွန်းပါ တယ်။ အဲဒါကတော့ စေတီပုထိုးမှာ ထားရှိတဲ့ ခေါင်းလောင်းတွေကို တရုတ် ကမ္ဘာ့လှည့် ခရီးသွား တစ်ဦး က ခြေထောက်တွေနဲ့ ကန်ကျောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါကို လုံခြုံရေး ကင်မရာနဲ့ မှတ်တမ်း တင်ခဲ့ပြီး ခေါင်းလောင်းတွေ ကန်ကျောက်ခဲ့သူကို လိုက်လံ ရှာဖွေနေ တယ်လို့ သိရပါ တယ်။ ဒီစေတီပုထိုးဟာ ချင်းမိုင်မြို့ အနားမှာရှိပြီး (၁၄) ရာစုလောက်က တည်ဆောက် ထားတာ ဖြစ်ပြီး ကမ္ဘာ့လှည့်တွေ အများအပြား လာရောက် ဖူးမြော်လေ့ ရှိပါတယ်။
အလွန်ဆိုးဝါးတဲ့ အပြုအမူကို ပြုလုပ်ခဲ့တဲ့ တရုတ် ကမ္ဘာ့လှည့် ခရီးသွားကို ပိတ်ဆို့ ရှာဖွေမှုတွေ ပြုလုပ် နေ တယ်လို့ ဆိုပါတယ်။ ခရီးသွား ၀န်ကြီးဌာနက လူတွေပာာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လေဆိပ်တွေ အပြင် နယ်စပ်တွေမှာပါ ရှာဖွေမူ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။
တရုတ် ကမ္ဘာ့လှည့် ခရီးသွားတွေကို ဧည့်လမ်းညွှန် အဖြစ် ဆောင်ရွက် ပေးနေသူတွေ ကိုလည်း ထိုင်းနိုင် ငံရဲ့ ယဉ်ကျေးမှု သဘာဝကို သိစေဖို့ စည်းရုံး လှုံ့ဆော်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်း ထားပါတယ်။ ထိုင်းနိုင်ငံ က စေတီပုထိုး တစ်ခုမှာတော့ တရုတ် ကမ္ဘာ့လှည့် ခရီးသွားတွေကို ၀င်ရောက်ခွင့် ပိတ်ပင်ထားပါ တယ်။
တရုတ် နှစ်သစ်ကူး အားလပ်ရက်မှာ ထိုင်းနိုင်ငံကို တရုတ် ကမ္ဘာ့လှည့် ခရီးသွား (၉၀၀၀၀) ကျော် ၀င်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ချင်းမိုင် လေဆိပ်မှာ တရုတ် ကမ္ဘာ့လှည့် ခရီးသွား အမျိုးသမီး တစ်ဦး ပာာ အောက်ခံ ဘောင်းဘီတွေ လူမြင်ကွင်းမှာ ထုတ်လှန်းခဲ့လို့ ထိုင်းနိုင်ငံက လူမှုကွန်ရက် ၀က်ဘ်ဆိုက်
တွေမှာ အတော်ဂယက် ရိုက်သွားခဲ့ပါတယ်။
Messenger
Messenger

မှတ်ချက်များ