ညွှန်ကြားချက်မရှိဘဲ လန်ဒန်ဆရာတော်တို့ကို ဘယ်သူ တရားစွဲခဲ့သလဲ
သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ မဟာသန္တိသုခကျောင်းတိုက်က လန်ဒန်ဆ ရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ပါးရဲ့အမှုမှာတော့ ဇန်နဝါရီ ၃ဝရက်နေ့က တရားလိုပြသက်သေ ၈
ယောက်ထဲက တစ်ယောက်ကို ပထမဆုံးအကြိမ် ရုံးတော်မှာ စတင်စစ်ဆေးခဲ့ပါတယ်။ သာသနာရေးဦးစီး ဌာနမှာ ဘယ်သူတွေက ဘယ်သူ့သဘောအတိုင်း လုပ်နေကြတာလဲ။
သာသနာရေးဦးစီးဌာနက တရားလိုဖြစ်တဲ့ ဦးစိန်မော်ဟာ မဟာသန္တိသုခကျောင်းတိုက်က ဆရာတော် ၅ပါး ကို ညွှန်ကြားချက်မရှိဘဲ သူ့သဘောအတိုင်း တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တရားလိုပြသက်သေညွှန်ကြား
ရေးမှူးချုပ် ဦးထွန်းညွန့်က ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။
ပုဒ်မ ၂၉၅ (က) သာသနာညှိုးနွမ်းစေမှုနဲ့ ညွှန်ကြားချက်မရှိဘဲ တရားစွဲဆိုမှုကို တိုင်းတရားလွှတ်တော်က လက်မခံခဲ့တဲ့အကြောင်း၊ လာမယ့် ဖေဖော်ဝါရီ ၁၃ရက်နေ့ကျရင် အမှုကိုပြန်လည်စစ်ဆေးမှာဖြစ်ပြီး ပီနန်ဆ ရာတော်ရဲ့ တပည့်သံဃာတော်တွေရဲ့လုပ်ရပ်ကို မဟာသံဃာ့နာယကအဖွဲ့ထံ လုပ်ကြံတင်ပြနေတဲ့ တာမွေ က သံဃာ့နာယက ဥက္ကဌ ဦးဇနိတကိုလည်း စစ်ဆေးသွားမယ်လို့ မိန့်ပါတယ်။
ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့က ဦးဆောင်ပြီး ပြီးခဲ့တဲ့ ၂ဝ၁၄ ဇွန်လ ၁ဝရက်နေ့မှာ တာမွေမြို့နယ်က ပီနန်ဆရာတော် ဆောက်လုပ်ထားတဲ့ မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လန်ဒန်ဆရာ
တော်အပါအဝင် သံဃာ ၅ပါးကို ဖမ်းဆီးပြီး အဓမ္မလူဝတ်လဲစေခဲ့ပါတယ်။ အဲဒီနောက် တာမွေမြို့နယ်တရား ရုံးမှာ သာသနာညှိနွမ်းစေမှု ပုဒ်မတွေနဲ့ စတင်တရားစွဲဆိုခဲ့ပါတယ်။
လန်ဒန်ဆရာတော် ဦးဥတ္တရဦးဆောင်ပြီး ဗဟန်း၊ တာမွေ စတဲ့ မြို့နယ်တရားရုံးတွေမှာ သက်သေခံတွေကို တင်ပြပြီး လျှောက်လှဲချက်ပေးတာတွေကလည်း တောက်လျှောက် ပယ်ချခံနေရပါတယ်။ သန္တိသုခကျောင်း တိုက်နဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို မြန်မာသမ္မတက ဖမ်းဆီးပြီး ထောင်ချခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ