ပြည်သူ့ဝန်ထမ်းတွေကို ဒေါ်လာ ၃၀ ဘီလီယံ ခွဲဝေပေးတဲ့ ဆော်ဒီဘုရင်သစ်
ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဘုရင်သစ်နန်းတက်ပွဲဟာ ထူးခြားခဲ့ပါတယ်။ အကြောင်းကတော့ နန်းတက်လာတဲ့ ဘုရင်သစ်အဗ္ဗဒူလာဇစ်ဟာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါးကို နိုင်ငံ့ဝန်ထမ်းတွေ၊ စစ်သားတွေ၊ အငြိမ်းစားတွေနဲ့ ကျောင်းသားတွေဆီ ခွဲဝေပေးမှာဖြစ်လို့ပါပဲ။
ဘုရင်သစ်အဗ္ဗဒူလာဇစ် ရဲ့စည်းရုံးရေးကြောင့် ဆော်ဒီနိုင်ငံသားတွေအားလုံး ပျော်ရွှင်နေကြပြီး အခုချိန်ဟာ အားလုံးအတွက် ပျော်ပွဲကျင်းပချိန်ဖြစ်တယ်လို့လည်း ဆိုနေကြပါတယ်။ လူမှုကွန်ယက်ဝက်ဆိုက်ဖြစ်တဲ့ တွစ်တာပေါ်မှာ ဆော်ဒီဘုရင်အဗ္ဗဒူလာဇစ်က ‘‘ ချစ်လှစွာသော ပြည်သူများခင်ဗျား။ ပြည်သူတွေ အားလုံး ဟာ ဒီထက်မက ပိုပြီးထိုက်ထိုက်တန်တန် ရသင့်သူတွေဖြစ်ပါတယ်။ ကျွန်တော်လုပ်ပေးနိုင်တာထက် အား လုံးဟာ ပိုပြီးထိုက်တန်ကြပါတယ်’’ လို့ရေးသားထားတာကို တွေ့ရပါတယ်။
နိုင်ငံ့ဝန်ထမ်းများ၊ စစ်သားများ၊ ကျောင်းသားများနှင့် အငြိမ်းစားဝန်ထမ်းများကို ဝေငှပေးမယ့် ဆုကြေးတွေ ဟာ များလွန်းတာကြောင့် တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေကို အားလုံးဝယ်နိုင်မယ့်အချိန်ရောက်လာပြီလို့ ဆော် ဒီနိုင်ငံသားတွေက ကြွေးကြော်နေကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ပထမဇနီး၊ ဒုတိယဇနီး၊ တတိ ယဇနီးတို့ကို ထိမ်းမြားနိုင်မှာဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံရေးကုမ္ပဏီဖြစ်တဲ့ Ashmore ကဒါရိုက်တာဖြစ်သူ Jhon ကတော့ ‘‘ အခုချိန်က ဆော်ဒီအာရေဗျ နိုင်ငံအတွက် ပါတီပွဲကျင်းပချိန်ပါပဲ’’ လို့ပြောပါတယ်။ ဒါပေမယ့် တဖက်မှလည်း ဒီလို ဝန်ထမ်းတွေကို များပြားတဲ့ ဆုကြေးငွေ ချီးမြှင့်ခြင်းဟာ လုပ်ငန်းခွင်မှာလည်း ပိုပြီးလုပ်ဖို့ တွန်းအားပေးနိုင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း လူဦးရေ သုံးသန်းနီးပါးကို ဒီဆုကြေးငွေ ခွဲဝေပေးရမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆော်ဒီ အာရေဗျ နိုင်ငံသားတွေဟာ လူမှုကွန်ယက်တွေပေါ်မှာ အောင်ပွဲခံပျော်ရွှင်နေကြပါတယ်။
ဒီအခြေအနေကြောင့် ပုဂ္ဂလိက ကုမ္ပဏီများစွာက ဝန်ထမ်းတွေလည်း ဆုကြေးငွေတွေ ရဖို့ရှိနေပါတယ်။ ဆော်ဒီဘုရင်သစ် ဆယ်လ်မန်အဗ္ဗဒူလာဇစ်ဟာ သူ့ရဲ့အစ်ကိုဖြစ်သူသေဆုံးခဲ့ပြီးတဲ့နောက် နန်းတက်လာတဲ့ ဘုရင်ဖြစ်ပါတယ်။
Planet

မှတ်ချက်များ