ဇနီးအတွက် ချစ်ကြိုက်ကြောင်း စာတွေ နှစ်ပေါင်း (၄၀) ကျော်တဲ့အထိ နေ့စဉ် ရေးသားခဲ့တဲ့ သူ


လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဟာ ခန့်မှန်းရ အလွန်ခက်ပါတယ်။ အချို့တွေရဲ့ ချစ်ခြင်းမေတ္တာဟာ အတိုင်းအဆ မရှိပါဘူး။ဒီလို လူမျိုး တွေထဲမှာ ဘရစ္စနန်လည်း ပါဝင်ပါ လိမ့်မယ်။ အမေရိကန်
ပြည်ထောင်စု၊ နယူးဂျာစီ ပြည်နယ်မှာ နေထိုင်တဲ့ ဘရစ္စနန်ဟာ ဇနီး ဖြစ်သူကို အလွန်ချစ်သူ ဖြစ်ပါတယ်။ လက်ထပ် ပေါင်းသင်း လာတာ နှစ်ပေါင်း(၄၀) ကျော်ရှိ သွားပေမယ့် ဇနီးဖြစ်သူ အပေါ် ထားရှိတဲ့ ချစ်မေတ္တာတွေဟာ ဘယ်တော့မှ လျော့သွားခြင်း မရှိပါဘူး။ ထူးခြားတာက ဘရစ္စနန်ဟာ ဇနီး ဖြစ်သူ အတွက် နေ့စဉ် အမှတ်တရ ဖြစ်စေမယ့် အရာကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။

ဘရစ္စနန်ဟာ နေ့စဉ် အချစ်အကြောင်းတွေ ရေးဖွဲ့ပြီး ဇနီးဖြစ်သူကို ပေးလေ့ရှိ ပါတယ်။ ဘရစ္စနန်ဟာ ချစ်သူဘ၀ ကတည်းက နေ့စဉ် အချစ် အကြောင်းတွေ ရေးသားလေ့ ရှိပါတယ်။ ဇနီးမယား အဖြစ် ရောက် ရှိပြီးတဲ့ နောက်ပိုင်း မှာလည်း ဒီအပြုအမူကို နေ့စဉ် ပြုလုပ်ခဲ့ ပါတယ်။ ဘရစ္စနန်ဟာ ယခင်က ကျောင်းဆရာ တစ်ဦး ဖြစ်ပါတယ်။ ဘရစ္စနန်နဲ့ ဇနီး ဖြစ်သူ တို့ဟာ အသက် (၇၀) နှစ်စီရှိနေ ကြပြီ ဖြစ်ပါတယ်။ သူတို့ဟာ ချစ်သူဘ၀ ကတည်း က စာတွေ အပြန်အလှန်ပို့ခဲ့ ကြပြီး လက်ဆောင်တွေလည်း ပေးပို့ခဲ့ကြ ပါတယ်။ စာတွေကို ပုံစံမျိုးစုံနဲ့ ရေးသားခဲ့ပြီး ချစ်ခြင်း မေတ္တာကို အသက်ဝင် အောင် ပြုလုပ်ခဲ့ကြပါတယ်။

လက်ထပ်ပြီးတဲ့ အခါ ဘရစ္စနန်က ဇနီး ဖြစ်သူကို ချစ်ကြိုက်ကြောင်းကို နေ့စဉ် ပုံစံ မျိုးစုံနဲ့ ရေးဖွဲ့မှုပြုလုပ်ခဲ့ ပါတယ်။ ဘရစ္စနန်က မိမိတို့အိမ် မှာ တီဗီ မထားကြောင်း၊ ညစာစားတဲ့ အခါ ဖယောင်းတိုင် ထွန်ပြီး စားလေ့ရှိကြောင်း၊ တစ်ဦး အကြောင်းကို တစ်ဦး ပြောဆိုရင်း ချစ်ခြင်းမေတ္တာ တွေကို ပြန်လည် အသက် သွင်းကြောင်း၊ မိမိ အနေဖြင့် ဇနီးဖြစ်သူ အတွက် စာတွေကို နေ့စဉ်ရေး ခဲ့ကြောင်း၊ ယနေ့ခေတ် လူ့အဖွဲ့ အစည်းမှာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု မရှိတော့ကြောင်း၊ မိမိတို့ ဇနီးမောင်နှံနှစ်ဦး ပျှော်ရွှင် သလိုမျိုး အခြား သူတွေလည်း ပျှော်ရွှင်ကြစေ လိုကြောင်း ဆိုခဲ့ပါတယ်။

Messenger

မှတ်ချက်များ