ကိုးကန့်နယ်ခြားစောင့်တပ် ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း
အစိုးရလက်အောက်ခံ ကိုးကန့် နယ်ခြားစောင့် တပ်ရင်း တစ်ရင်းဟာ အစိုးရ တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က တပ်ရင်းတစ်ခုလုံး သူတို့အဖွဲ့နဲ့ လာရောက်ပူး ပေါင်းခဲ့တယ်လို့ ကိုးကန့်တိမ်းရှောင်တပ်လို့ လူ သိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်း
မြတ်လင်း က ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားနေ စဉ်ကာလမှာ ပူးပေါင်းကြတာဖြစ်ပြီး ပူးပေါင်းတဲ့ အင်အား၊ လက်နက် အပါအ၀င် အသေးစိတ်ကိုတော့ ဦးထွန်းမြတ်လင်းက ဖြေကြားခြင်းမရှိပါဘူး။
ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်တပ်ဟာ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကို ငြင်းဆန်ခဲ့အပြီးမှာ အစိုးရက မူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး တပ်မတော်က တိုက်ခိုက် မောင်းထုတ်ခဲ့တာဖြစ်ပြီး ကိုးကန့် အင်အားစုတချို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့ကြပါတယ်။
DVB

မှတ်ချက်များ