အများပြည်သူအပန်းဖြေရာ၊ လူစည်ကားရာနေရာများတွင် အရက်သောက်လျှင် အရေးယူမည်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူအများအပန်းဖြေ သည့်နေရာများနှင့်လူစည်ကား သည့်နေရာများတွင် အရက် သောက်စားသူများကို အရေးယူ တော့မည်ဟု သတင်းရရှိသည်။
ညအချိန်တွင်ရောင်းချသည့် အရက်ဆိုင်ပိုင်ရှင်များကိုလည်း အသိပညာပေးကာ မရောင်းချရန် သတိပေး ထားပြီး စစ်ဆေးတွေ့ရှိ ပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ က ညွှန်ကြားစာ ထုတ်ပေးထားသည်ဟုမြို့နယ်မှူးတစ်ဦးကဆိုသည်။
‘‘၂၉ရက် ညက စာထွက် တယ်။ ရန်ကုန်တိုင်းတစ်ခုလုံးပါ တယ်။ ညဘက်သောက်တဲ့သူတွေ တင်မဟုတ် ပါဘူး။ နေ့ဘက်တွေ မှာလည်း အများပြည်သူတွေသွား လာတဲ့နေရာတွေမှာသောက်စား မူးယစ်နေရင် လည်းအရေးယူမှာ ပါ။ အရက်ရောင်းတဲ့ဆိုင်တွေလည်း ဖမ်းဆီးမှာပါ’’ဟု ကမာရွတ်မြို့နယ်မှူး ရဲမှူးဇော်ဝင်း ကပြောသည်။
ရန်ကုန်မြို့ရှိ လူစည်ကား သည့်နေရာများနှင့်အခမဲ့အပန်း ဖြေနေရာများတွင်သောက်စားသူ များရှိသည့်အ တွက် မိသားစုအ ပန်းဖြေအနားယူရာ၌ စိတ်အ နှောင့်အယှက်ဖြစ်ရပြီး အရေးယူ မည်ဆိုပါကလည်း ထိရောက် အောင်ဆောင်ရွက်သင့်သည်ဟု မရမ်းကုန်းမြို့နယ်နေ မနိုနိုက ပြောသည်။
‘‘တစ်ခါတလေ အင်းလျားကန်ပေါင်တော့ သူငယ်ချင်းတွေနဲ့ သွားထိုင်ဖြစ်တယ်။ အရက်ဝိုင်း တွေတော့
တွေ့နေရတာပဲ။ သူတို့ ဘာသာ အေးအေးဆေးဆေး သောက်တယ်ဆိုပေမယ့် ကျန်တဲ့ သူတွေအတွက်
တော့ တစ်မျိုးပဲ။ ဒီလို အရက်ဝိုင်းနားကိုဘယ်သူ တွေက သွားမှာလဲ’’ဟု မနိုနိုက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ပြည် သူများအပန်းဖြေနိုင်ရန် အခမဲ့ ပန်းခြံများ တိုးမြှင့်တည်ဆောက် နေပြီး သောက် စားမူးယစ် သူများကြောင့်အနှောင့်အယှက် ဖြစ်နိုင်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရန် ကုန်တိုင်းဒေသကြီးရုံးမှအရာရှိ တစ်ဦးကပြောသည်။
‘‘ခုဆိုရင် ပန်းခြံတွေ၊ ခုံး ကျော်တံတားတွေ အောက်မှာ အရက်ထိုင်သောက်တဲ့သူတွေ ကြောင့် အပန်းဖြေ တဲ့သူတွေ၊ ခရီး သွားတဲ့သူတွေကတိုင်ကြတယ်။ မြို့တော်အင်္ဂါရပ်နဲ့ ကြည့်ရင် လည်းအမြင်မတော်ပါဘူး။ အရက်မူးတဲ့အခါမှာ မှုခင်းဖြစ်ဖို့ လည်း ပိုများပါတယ်’’ဟု ၎င်းက ပြောသည်။
သောက်စားမူးယစ်သူများ ကို ပထမအဆင့်ပညာပေးပြော ကြားမည်ဖြစ်ပြီး ထပ်မံပြုလုပ်ပါ ကတည်ဆဲဥပ
ဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သကဲ့ သို့ အရက်ဆိုင်များကိုလည်း သက်ဆိုင်ရာမြို့နယ်မှ အထွေ ထွေအုပ်ချုပ်ရေးမှူးများနှင့် ပူး ပေါင်းဖမ်းဆီးမည်ဟု သတင်းရရှိ သည်။
ဖိုးတုတ်(လှည်းတန်း) | 7day

မှတ်ချက်များ