အမျိုးသားပညာရေး ဥပဒေမူကြမ်းဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
နေပြည်တော်မှာ ဒီကနေ့ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျမှ ဆွေးနွေးဖို့ သမ္မတက ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ အစိုးရဘက်ကလိုက်ပါကူညီသူတွေလို ကျောင်းသားတွေနဲ့ NNER ဘက်က လိုက်ပါ ကူညီသူတွေကို အစည်းအဝေးခန်းမအတွင်း ခေါ်ဆောင်ရာမှာ အဆင်မပြေဖြစ်မှုစလို့ သမ္မတက ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာတုန်းက အစိုးရဘက် က ၀န်ကြီးဦးအောင်မင်းနဲ့အတူ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး အပါအ၀င် မြန်မာငြိမ်းချမ်းရေးစင်တာ က တာဝန်ရှိသူတွေက အစည်းအဝေးခန်းမအတွင်း ၀င်ထိုင်ခဲ့ပြီး အစိုးရဘက်ကို ကူညီသလို ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ ဆွေးနွေးမှုတွေကို မှတ်တမ်းတင် ကူညီ
ပေးနိုင်ဖို့ ခေါ်ယူခဲ့တဲ့အပေါ် အုပ်ချုပ်ရေးပိုင်းက လက်မခံရာက သမ္မတ ဦးသိန်းစိန်က ရက်ရွှေ့ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ သမ္မထံက ပေးပို့တဲ့သဘောထားကို ဆွေးနွေးပွဲတာဝန်ရှိသူတချို့ ဆွေးနွေးကြပြီးနောက် ဖေဖော် ၀ါရီ ၁၂ ရက်နေ့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
နေပြည်တော် ပညာရေးဝန်ကြီးဌာနရဲ့ ဆွေးနွေးပွဲကျင်းပရာနေရာမှာ သတင်းယူနေသူ ဒီဗွီဘီသတင်း
ထောက်ကိုအောင်ကြီးက “ဦးအောင်မင်း(၀န်ကြီး)က နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဖတ် သွားတာ ဒါပဲ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ စပြီး နောက်ပိုင်းမှာ ပြန်လုပ်ဖို့ကိစ္စ နံပါတ် ၁ အချက်။ နံပါတ် ၂ အချက်အနေနဲ့ ဒီမှာ တက်ရောက်တဲ့အဖွဲ့အစည်းတွေ အားလုံးက ကျောင်းသားအဖွဲ့အစည်းဆို လည်း ကျောင်းသားကို ကိုယ်စားပြုရမယ်ပေါ့နော်။ NNER ဆိုလည်း NNER ကို ကိုယ်စားပြုတဲ့အဖွဲ့ဖြစ်ရ မယ်ပေါ့။ ကိုယ်စားပြုတဲ့အဖွဲ့တွေနဲ့ အစည်းအဝေး အာဂျင်ဒါကို အပြင်မှာ ညှိနှိုင်းပြီးတော့မှ ဆက်လက် လုပ်ဆောင်ပါဆိုပြီးတော့။ ကျောင်းသားတွေ အနေနဲ့ ဒေါက်တာရင်ရင်နွယ် (သမ္မတ ပညာရေးအကြံပေး) ကို ဆက်သွယ်ခိုင်းတယ်။ နောက်တယောက်ရှိသေးတယ်”လို့ ပြောပါတယ်။
အေးနိုင် | DVB

မှတ်ချက်များ